Local Industry



Double Cab ဖြေလျှော့မှုက ပြည်တွင်းကားဈေးကွက်ကို ရိုက်ခတ်မှုရှိနိုင်မလား

Double Cab ဖြေလျှော့မှုက ပြည်တွင်းကားဈေးကွက်ကို ရိုက်ခတ်မှုရှိနိုင်မလား google

မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောကြီးကြပ်မှုကော်မတီက(ကြီးကော်)ကနေ Double Cab ကားတွေကို လူစီးကနေ လုပ်ငန်းသုံးအဖြစ်သတ်မှတ်လိုက်တယ်ဆိုပြီး သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

 

ဒါပေမယ့် တစ် ချို့ကလည်းထုတ်ပြန်ချက်ကတော့ မထွက်လာ သေးဘူးလို့ဆိုကြပါတယ်။ သေချာတဲ့သတင်းဖြစ်ဖို့ကတော့များပါတယ်။

 

ဘာတွေဖြစ်လာမလဲ

 

ကြီးကော်ကနေသတ်မှတ်ချက်ဖြစ်ပေမယ့် အကောက်ခွန်ဦးစီးဌာန (ကာစတန်) ကနေလျှော့ပေါ့ပေးမှာဖြစ်ပေမယ့် ကညနကတော့ နဂိုလူစီးအတိုင်းပဲ မှတ်ပုံတင်ပေးဖို့ရှိပါတယ်။ ဒါကြောင့် အင်ဂျင်ပါဝါအလိုက်ကျသင့်မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ သက်တမ်းနှစ် ၂၀ ရှိအပ်ကားစာရင်းဝင် Double Cab တန်းဝင်ကားတွေကို လူစီးစလစ်ထုတ်ပေးနေတာက ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူစီးနဲ့မှတ်ပုံတင်ပြီး လူစီးနဲ့ပဲစလစ်ထုတ်ပေးတာက လမ်းကြောင်း မှန်တစ်ခုဖြစ်နေပါတယ်။

 

ဘယ်မောင်းလား၊ညာမောင်းလား

 

၂၀၁၉ မူဝါဒဖြစ်လို့ ဘယ်မောင်းပဲသွင်းလို့ရပါမယ်။ ဒါက လက်ရှိပြည်တွင်းကရှိနေနှင့်ပြီးသား ညာမောင်း Double Cab ဈေးကွက်ကို ရိုက်ခတ်မှုရှိနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ကားလောကရဲ့ ကျွမ်းကျင်ပညာ ရှင်တွေကတော့ ဈေးကျမယ်၊ သိန်း ၃၀ ၀န်းကျင်လို့ဆိုနေကြပါတယ်။ ဒါကြောင့် Double Cab ဈေးကွက်ပြန်ထလာ မလားဆိုတာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။

 

Double Cab ရဲ့ Custom duty ကဘယ်လောက်လဲ၊ ဘယ်လောက်လျှော့မှာလဲ

 

ကြားရတဲ့သတင်းတွေအရတော့ Custom Duty 40% ကနေ 30% ကောက်ခံနေတယ်လို့သိရပါတယ်။ ဘယ်လောက်လျှော့မှာလဲဆိုတာ တိတိကျကျထွက်ရှိလာခြင်းမရှိသေးပေမယ့် ကားလောကနဲ့နီးစပ်တဲ့အသိုင်း အ၀ိုင်းကတော့ 10 % လို့ထင်ကြေးပေးနေကြပါတယ်။

 

Toyota စက်ရုံ၊ ရန်ကုန်လိုင်စင်မူအားဖြင့်သဘောတူဆိုတာတွေကရော

 

ဒီသတင်းမတိုင်ခင်မှာ Toyota စက်ရုံကိုမြန်မာပြည်မှာဆောက်မယ် ကားတွေထုတ်မယ်ဆိုတော့ စဉ်းစားစရာပေါ့။ နောက်ပြီးပိတ်ထားတာကြာပြီဖြစ်တဲ့ ရန်ကုန်လိုင်စင်ကလည်း တစ်ကျော့ပြန်ရေပန်းစားလာတာက အတည်လား၊ အတည်မဟုတ်ဘူးလားဆိုတာ စောင့်ကြည့ပ်ရုံမှတစ်ပါး အခြားမရှိတော့ပြီလေ.....

 

Automobile Equipment Directory

Read times
Rate this item
(1 Vote)