Local Industry



တစ်ပတ်အတွင်းအရောင်းရဆုံး ကားဈေးနှုန်းများ

ဇူလိုင်လဆန်း ကားဈေးကွက်တွင် ၁၃၀၀ စီစီကားများနှင့်အတူ ရန်ကုန်လိုင်စင်ရရှိသည့် ပြည်တွင်းထုတ်ကားများလည်း အရောင်းအဝယ် ဖြစ်နေသည်။

 

ဈေးကွက်ထုံးစံအတိုင်း နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းများ အဝယ်လိုက်နေသဖြင့် ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ ကားများဖြစ်သည့် Honda Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Honda Fit GK3 တို့မှာ တက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ အင်ဂျင်ပါဝါအမြင့် ကားများထဲမှလည်း Vanguard ၊ CR-V ၊ Harrier ၊ Land Cruiser တို့ အရောင်းအဝယ်ပြန်ဖြစ်လာသည်။ ဈေးကွက်အတွင်း ဂျပန်ညာမောင်းကားများ ရောင်းကားရှားလာခြင်းနှင့် ဈေးမြင့်တက်နေခြင်းတို့ကြောင့် ရန်ကုန်လိုက်စင်ရရှိပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့် SKD ကားများလည်း အဝယ်လိုက်နေသည်။ Consignment လက်ကျန်ကားများနှင့် CBU ဖြင့် တင်သွင်းထားသော Brand New ကားများမှာ စလစ်ဈေးမြင့်တက်နေခြင်းကြောင့် အရောင်းအဝယ် အေးနေသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 6Q/5823 နှင့် HH/4021 သို့ရောက်ရှိနေပြီ ဖြစ်သည်။

 

28.6.2019 မှ 4.7.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

4.7.19s.PNG

 

4.7.19ss.PNG

 

Source; Automobile Journal

Read times
Rate this item
(1 Vote)