Local Industry



Volvo Cars များကို ၅ နှစ်အရစ်ကျဖြင့် ပိုင်ဆိုင်နိုင်မည့်အခွင့်အလမ်း

Volvo Cars များကို ၅ နှစ်အရစ်ကျဖြင့် ပိုင်ဆိုင်နိုင်မည့်အခွင့်အလမ်း google

ဆွီဒင်နိုင်ငံ၏ ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်သည့် Volvo ၏ အရည်အသွေးမြင့် ဇိမ်ခံကားများကို (၅) နှစ်အရစ်ကျစနစ်၊ အခမဲ့ဘဏ်ဝန်ဆောင်မှုတို့နှင့်အတူ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Volvo ၏ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့်ကားများမှာ V40, XC60, XC40 မော်ဒယ်များဖြစ်ပြီး အရေအတွက် ကန့်သက်ချက်နဲ့သာ ရောင်းချသွားမည်ဖြစ်သည်။

 

Volvo Cars Myanmar သည် V40 အတွက် ကနဦးပေးသွင်းငွေ ၁၅၅သိန်း – လစဉ်ပေးသွင်းငွေ ၁၄သိန်း၊ XC60 အတွက် ကနဦးပေးသွင်းငွေ ၃၂၀သိန်း – လစဉ်ပေးသွင်းငွေ ၃၀သိန်းနှင့် XC40 အတွက် ကနဦးပေးသွင်းငွေ ၂၄၀သိန်း – လစဉ်ပေးသွင်းငွေ ၂၂သိန်း အသီးသီးကျသင့်သွားမည်ဖြစ်သည်။

 

Volvo Cars Myanmar မှ အဆိုပါမော်ဒယ်သစ် ကားအမျိုးအစားများပေါ် မူတည်၍ (၃)နှစ်အာမခံ၊ ကီလိုမီတာ (၁)သိန်းအာမခံနှင့် အခမဲ့ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Volvo ၏ မော်ဒယ်သစ်ကားများကို စိတ်ဝင်စားသူများအနေဖြင့် အမှတ် ၁၄၆၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Volvo Cars Myanmar သို့ အမြန်ဆုံး ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။

 

Source; Drive Myanmar

Read times
Rate this item
(1 Vote)