Local Industry



SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသောကားများ အရည်အသွေးပြည့်မီမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်

SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသောကားများ အရည်အသွေးပြည့်မီမှု ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည် google

ပြည်တွင်း၌ရှိနေသော မော်​​တော်ယာဉ်များအား အစိတ်အပိုင်းများတပ်ဆင်ထုတ်လုပ်​​နေသည့် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်​​နေသောကားများကို အရည်သွေးပြည့်မီမှု ရှိ/မရှိ အသိမပေးဘဲ ရှောင်တခင်ဝင်​​ရောက်စစ်​​ဆေးသွားမည်ဖြစ်​​ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်

 

“ကားတပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်ကို safety အပိုင်တွေ၊ အစိတ်အပိုင်တွေ၊ inspection equipments တွေဘယ်လိုလုပ်ထားတယ်ဆိုတာ၊ သတ်မှတ်ချက်တွေနဲ့ ပြည့်မီမှု ရှိ/မရှိဆိုတာကို ကားအစီး ၁၀၀ ထုတ်လုပ်ပြီးရင် စစ်​​ဆေးနေပါတယ်။ အဲဒီလိုစစ်​​ဆေးပြီးသွားရင် အစီး ၁၀၀ ကို ကျေနပ်ပြီဆိုတော့မှ စက်မှုဝန်ကြီးဌာနကနေ COA ထုတ်​​မှာပါ။ မြန်မာနိုင်ငံမှာ အမှန်အကန်တပ်ဆင်တဲ့အတွက် ကားတစ်မျိုးစီရဲ့ ပထမဆုံးအစီးတစ်ရာကို စက်မှုဝန်ကြီးဌာနကနေ စစ်ဆေးပြီး သတ်မှတ်စံနှုန်းပြည့်မီတဲ့အတွက် COA ထုတ်ပေးခဲ့တာ ကားအစီး ၃ ထောင်​​ကျော်ရှိပါပြီ။” ဟု စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်

 

ဒုတိယအကြိမ်ပြည်သူ့လွတ်​​တော် (၁၁) ကြိမ်​​မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်​​မြောက်​​နေ့တွင် မောက်မယ်မဲဆန္ဒနယ် ဦးစိုင်ငေါင်းဆိုင်ဟိန်းမှ မြန်မာ့မော်​​တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင်​​ထုတ်လုပ်သည့်စနစ် SKD ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီး မော်​​တော်ယာဉ်များ၏ အရည်သွေးကြံ့ခိုင်​​ကောင်းမွန်မှု (Quality control) ကို မည်ကဲ့သို့ ထိန်းချုပ်ထားပါသနည်းအဆိုအား မေးမြန်းခဲ့ရာတွင်လည်း စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုမှ “မြန်မာ့မော်​​တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍမှာ အချိန်အတိုအတွင်း ရင်းနှီးမြှုပ်နှံမှုအနည်းဆုံးနဲ့ ဈေးကွက်ဝင်ထုတ်လုပ်မှုစနစ်ဖြစ်တဲ့ SKD စနစ်နဲ့ စတင်ထုတ်လုပ်တပ်ဆင်မှုရှိနေကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ MIC ရဲ့ခွင့်ပြုချက် ရယူရန်လိုအပ်ပြီး ၎င်းခွင့်ပြုချက်များအတိုင်းထုတ်လုပ်မှုလုပ်ငန်းများစတင်​​ဆောင်ရွက်​​နေတဲ့ ကုမ္ပဏီစုစုပေါင်း ၉ ခုနဲ့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ကုမ္ပဏီ ၇ ခုနဲ့ စုစုပေါင်း ၁၆ ခုရှိပါတယ်

 

စက်မှုဝန်ကြီးဌာနအနေနဲ့ လယ်ယာသုံးစက်ပစ္စည်းများရဲ့ အရည်သွေးကောင်းမွန်​​စေရေးအတွက် လယ်ယာသုံးစက်ပစ္စည်းများကြီးကြပ်​​ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားရှိခဲ့ပြီး ပူးပေါင်းစစ်​​ဆေးကာ Certificate of Approval (COA) ထုတ်​​ပေးခြင်းကို စိစစ်​​ဆောင်ရွက်​​ပေးလျက်ရှိရာမှာ ယနေ့အထိ SKD စနစ်ဖြင့် တပ်ဆင်​​ထုတ်လုပ်တဲ့ မော်​​တော်ယာဉ်စုစုပေါင်း ၃,၇၀၀ စီးကို COA များ ထုတ်​​ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်​​ပေးလျက်ရှိပါတယ်

 

ထုတ်လုပ်မှုအတွက် တင်သွင်းလာတဲ့ စက်အစိတ်အပိုင်းတွေဟာ MIC ရဲ့ခွင့်ပြုအမျိုးအစားများဖြစ်​​ကြောင်း၊ မူရင်းထုတ်လုပ်တဲ့ စံချိန်စံညွှန်းနဲ့ကိုက်ညီကြောင်း၊ ပစ္စည်းအသစ် Brand New များဖြစ်​​ကြောင်း၊ သတ်မှတ်ဥပဒေများအတိုင်း တင်သွင်းမှုနဲ့ကိုက်ညီကြောင်း စတဲ့ အခြေခံအချက်​​တွေနဲ့ တိုက်ဆိုင်စစ်​​ဆေးခြင်း၊ မူရင်းထုတ်လုပ်တဲ့ Inspection certificate အထောက်အထားတွေနဲ့ စနစ်တကျ စစ်​​ဆေးခြင်း၊ စမ်းသပ် မောင်းနှင်ခြင်းတွေ ပြုလုပ်ပြီးမှသာလျှင် သတ်မှတ်စစ်​​ဆေးချက်တွေနဲ့ ကိုက်ညီမှုရှိမှသာ COA များကို ထုတ်​​ပေးခြင်းဖြစ်ပါတယ်

 

ဒါ့အပြင် အသုံးပြုတဲ့စက်ပစ္စည်း၊ စက်ကိရိယာများ၊ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု၊ စံချိန်စံညွှန်းများနဲ့ လိုက်နာမှုရှိ/မရှိ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ စက်များ၏ တိကျမှန်ကန်မှုနဲ့ အခြေအနေများအားလုံးကို ကြပ်မတ်စစ်​​ဆေးထိန်းချုပ်​​ပးနေလျက်ရှိပါတယ်။” ဟု ဖြေကြားထားရှိသည်

 

 

Source; CarsDb

Read times
Rate this item
(1 Vote)