Local Industry



Volvo Cars Myanmar မှ ကားအမျိုးအစား သုံးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချနေ

Volvo Cars Myanmar မှ ကားအမျိုးအစား သုံးမျိုးကို အထူးအစီအစဉ်များဖြင့် ရောင်းချနေ google

Volvo Cars Myanmar မှ ကား အမျိုးအစား သုံးမျိုးကို အထူးအစီ အစဉ်များဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ဇွန် ၂၄ ရက်မှစ၍ Volvo V40 ၊ Volvo XC40 နှင့် Volvo XC60 တို့ကို ဝယ်ယူမည်ဆိုပါက ငါးနှစ် အရစ်ကျအစီအစဉ်နှင့်အတူ အခမဲ့ ဘဏ်ဝန်ဆောင်မှုစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ငါးနှစ် အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆို ပါက V40 အတွက် ကနဦးပေးသွင်း ငွေ ၁၅၅ သိန်းနှင့် လစဉ်ပေးသွင်း ငွေ ၁၄ သိန်း၊ XC40 အတွက် ကနဦးပေးသွင်းငွေ သိန်း ၂၄ဝ နှင့် လစဉ်ပေးသွင်းငွေ ၂၂ သိန်း၊ XC60 အတွက် ကနဦးပေးသွင်းငွေ ကျပ်သိန်း ၃၂ဝ နှင့် လစဉ်ပေး သွင်းငွေ သိန်းသုံးဆယ်ပေး၍ ဝယ် ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် 3 Years Warranty/Unlimited Kilometer ၊ 3 Years/100,000 km/Free Service Maintenance ပေးမည် ဖြစ်သည်။

 

‘‘Volvo Cars Myanmar မှအထူးအစီအစဉ်နဲ့ Volvo Brand New ကားသစ် သုံးမျိုးဖြစ်တဲ့ Volvo V40 ၊ Volvo XC40 နဲ့ Volvo XC60 ကို ရောင်းချပေး သွားမှာ ဖြစ်ပါတယ်၊ Promotion မကန့်သတ်ထားပေမဲ့ ရောင်းချပေး မယ့် ကားအရေအတွက် ကန့်သတ် ထားလို့ အမြန်ဆုံးလာရောက်ဝယ် ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်’’ဟု Volvo Cars Myanmar မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

 

Volvo Cars Myanmar မှ Volvo XC60 ကို အမေရိကန် ဒေါ်လာ ၁၁၅,ဝဝဝ၊ Volvo XC40 ကို အမေရိကန်ဒေါ်လာ ၈၃,ဝဝဝ၊ Volvo V40 ကို အမေရိ ကန်ဒေါ်လာ ၅၅,ဝဝဝ တို့ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)