Local Industry



GAC Motor မှ ရန်ကုန်လိုင်စင်ရရှိမည့် ၂ဝ၁၉ မိုဒယ် GS5 ကားသစ်ကို Pre-order ဖြင့် စတင်ရောင်းချ

GAC Motor မှ ရန်ကုန်လိုင်စင်ရရှိမည့် ၂ဝ၁၉ မိုဒယ် GS5 ကားသစ်ကို Pre-order ဖြင့် စတင်ရောင်းချ google

GAC Motor မှ ရန်ကုန်လိုင်စင်ရရှိမည့် ၂ဝ၁၉ မိုဒယ် GS5 ကားသစ်ကို ပြည်တွင်းဈေးကွက်တွင် Pre-order ဖြင့် စတင်ရောင်းချနေ ပြီဖြစ်ကြောင်း သိရသည်။

 

၂ဝ၁၉ မိုဒယ် GS5 သည် 1.5 L Turbocharged ဓာတ်ဆီ အင်ဂျင် တပ်ဆင်အသုံးပြုထားကာ မြင်းကောင်ရေ ၁၅ဝ အားနှင့် လိမ် လှည့်အား 235 Nm ရှိသောကြောင့် အင်ဂျင် ဆွဲအားရုန်းအားကောင်းပြီး မြို့တွင်း/မြို့ပြင် မောင်းနှင်မှုတွင် လည်း ဆီစားနှုန်း သက်သာသော ကား ဖြစ်သည်။ ဂီယာပိုင်းတွင် ဂျပန် Aisin Company ၏ နည်းပညာကို အသုံးပြုထားကာ 6-Speed Auto Tranmission ဖြစ်ပြီး Sundy ၊ Muddy ၊ Snowy ? Intelligent Auto ၊ Sports နှင့် Eco Mode စသော မောင်းနှင်မှုပုံစံ ခြောက်မျိုး ဖြင့် မိမိနှစ်သက်သည့်အတိုင်း ပြောင်းလဲမောင်းနှင်နိုင်သည်။

 

‘‘All-New GS5 ကို Pre-order စနစ်နဲ့ ရောင်းချပေးနေပြီး သတင်းကောင်းအနေနဲ့ ဝယ်ယူတဲ့ Customer တွေအတွက် ရန်ကုန် လိုင်စင်လည်းပေးမှာ ဖြစ်ပါတယ်’’ဟု GAC Motor မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

GS5 ကားသစ်ကို ဝယ်ယူ မည်ဆိုပါက GAC Showroom များတွင် အမေရိကန်ဒေါ်လာ ၄၉,၈၈၈ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူလိုပါက CB Bank ၊ AYA Bank တို့ဖြင့် ချိတ်ဆက်ကာ ၃ဝ ရာခိုင်နှုန်း၊ သို့မဟုတ် ၅ဝ ရာခိုင်နှုန်း ကနဦး ပေး၍ တစ်နှစ်မှ ငါးနှစ်အထိ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)