Local Industry



Nissan Tan Chong Motor ၏ Dare The Drive With 4WD အစီအစဉ်

Nissan Tan Chong Motor ၏  Dare The Drive With 4WD အစီအစဉ်facebook

Nissan Tan Chong Motor မှ 4WD ကားများဖြစ်သည့် Nissan Navara Plus နှင့် Nissan Terra ကို Dare The Drive With 4WD အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုပွဲကို ဇွန် ၂၂ ရက်က Junction Square တွင် Nissan မိတ်ဟောင်းမိတ်သစ် Customer များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

‘‘Dare The Drive With 4WD ပွဲကို ကျင်းပပြုလုပ်ရတဲ့ရည် ရွယ်ချက်ကတော့ ‘4WD ကားတွေ ကို ရဲ့ဝံ့စွာ စမ်းသပ်မောင်းနှင်ရ အောင် ကျင်းပပြုလုပ်ခဲ့တာ ဖြစ် ပါတယ်၊ စမ်းသပ်မောင်းနှင်တဲ့ ပွဲ မှာ Nissan Customer တွေနဲ့ မော်တော်ကား ချစ်ခင်မြတ်နိုးသူ တွေကို Nissan Terra နဲ့ Nissan Navara Plus ကို စမ်းသပ် မောင်း နှင်ခွင့် ပြုခဲ့ပါတယ်’’ဟု Nissan Tan Chong Motor မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

Nissan Navara Plus နှင့် Nissan Terra ကားများသည် အမျိုး မျိုးသော လမ်းကြမ်းမောင်းနှင်မှု စွမ်းရည်များဖြင့် ထုတ်လုပ်ထား သည့်ကားများဖြစ်ပြီး အဆင့်မြင့် နည်းပညာပိုင်း ပံ့ပိုးမှုများလည်း ပါဝင်သည်။

 

Nissan Tan Chong မှာ Nissan Navara Plus ကို ဝယ်ယူ မည်ဆိုပါက အမေရိကန်ဒေါ် ၄၃, ၈ဝဝ ဖြင့် ဝယ်ယူနိုင်ပြီး Nissan Terra ကို အမေရိကန်ဒေါ်လာ ၆၂,၈ဝဝ ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(0 votes)