Local Industry



YRTA ရင်းနှီးမြှုပ်နှံမှုဖြင့် လှိုင်သာယာနှင့် သာကေတတွင် YBS ယာဉ်ရပ်နားဝင်းများ တည်ဆောက်သွားမည်

YRTA ရင်းနှီးမြှုပ်နှံမှုဖြင့် လှိုင်သာယာနှင့် သာကေတတွင် YBS ယာဉ်ရပ်နားဝင်းများ တည်ဆောက်သွားမည် google

YRTA ရင်းနှီးမြှုပ်နှံမှုဖြင့် လှိုင်သာယာနှင့် သာကေတတွင် YBS ယာဉ်ရပ်နားဝင်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YBPC) မှ ယာဉ်ရပ်နားကွင်းနှစ်ခု တည်ဆောက်ထားပြီး ဖြစ်သလို သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်နိုင်ရန်အတွက် YRTA မှလည်း လှိုင်သာယာနှင့် သာကေတ မြို့နယ်များ၌ ယာဉ်ရပ်နားဝင်းနှစ်ခု ထပ်မံတည်ဆောက်မည် ဖြစ်သည်။

 

‘‘ဒီနှစ်ထဲမှာ ယာဉ်ရပ်နားဝင်း သုံးခုဆောက်ဖို့ လျာထားပြီး လှိုင်သာယာနဲ့ သာကေတက ယာဉ်ရပ်နားဝင်းနှစ်ခုအတွက် တင်ဒါ ခေါ်ပြီးပါပြီ၊ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီနှစ်ခုက တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်နေပြီး ဒီနှစ်ထဲမှာ အပြီး တည်ဆောက်ဖို့ စာချုပ် ချုပ်ထားပါတယ်၊ အခုဆောက်နေတဲ့ ယာဉ်ရပ်နားဝင်းတွေ မှာ CNG ဆိုင်တွေကိုပါ ထည့် သွင်းတည်ဆောက်နိုင်ဖို့ စွမ်းအင်ဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းထားပါတယ်၊ ယာဉ်ရပ်နားဝင်းတွေ တည်ဆောက်ပြီးသွားရင် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ယာဉ်လိုင်းတွေကို ရပ်နားခွင့်ပေးမှာ ဖြစ်ပါတယ်’’ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယာဉ်ရပ်နားဝင်း တည်ဆောက် နေသည့် လှိုင်သာယာနှင့် သာကေ တမြို့နယ်များ၌ ယာဉ်ရပ်နားဝင်း များ တည်ဆောက်ပြီးပါက ထိုမြို့နယ်များကို အခြေပြုပြေးဆွဲနေသည့် ယာဉ်လိုင်းများ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍကို အဆင့်မြှင့်တင် နိုင်မည်ဖြစ်သလို CNG ဖြည့်ရာတွင် အချိန်ပေးနေရသည့် အခက်အခဲများလည်း လျော့နည်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)