Local Industry



ရန်ုကုန်တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူထားသည့် YBS ကားအစီး တစ်ထောင်အတွက် အကြွေးကျေပြီဟုဆို

ရန်ုကုန်တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူထားသည့် YBS ကားအစီး တစ်ထောင်အတွက် အကြွေးကျေပြီဟုဆို google

တိုင်းဒေသကြီးအစိုးရမှ ဝယ်ယူ ထားသည့် YBS အစီးတစ်ထောင်၏ အကြွေးကျေပြီဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပြည်သူ သယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၏ ပြည်သူ့အတွက် တတိယတစ် နှစ်တာ ကာလအတွင်း ဆောင်ရွက် ခဲ့မှုများနှင့်ပတ်သက်၍ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ယာဉ်လိုင်း အကြွေးကျေပြီဟု ပြောကြားခဲ့ခြင်း မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝယ်ထားသည့်ကားအစီး တစ်ထောင် အတွက် အကြွေးများကို ဆိုလိုခြင်း ဖြစ်ကြောင်း သိရသည်။

 

‘‘YBS ယာဉ်လိုင်းတွေ အ ကြွေးကျေပြီ၊ အရင်းကျေကာလကို ရောက်နေပြီလို့ ဝန်ကြီးချုပ်ပြော တာက တိုင်းအစိုးရအဖွဲ့က YBS အစီး ၁ဝဝဝ ဝယ်တဲ့အချိန်က ကျန်တဲ့ အကြွေးတွေအတွက် သက်ဆိုင်ရာ ဘဏ်တွေကို YBPC နဲ့ YUPT ယာဉ်လိုင်းတို့က ဆပ်ပြီးပြီ ဖြစ်လို့ ကားတန်ဖိုး အရင်းကျေပြီလို့ ပြော တာ ဖြစ်ပါတယ်၊ YBS ယာဉ် လိုင်းမှာပါတဲ့ ကုမ္ပဏီတွေ အရင်း ကျေကာလ ရောက်ပြီလားဆိုတာ က ပြောရခက်ပါတယ်၊ ကားသစ် တွေနဲ့ ရင်းနှီးမြှုပ်နှံထားသူတွေက တော့ အရင်းကျေကာလရောက်ဖို့ ကြာနိုင်ပါတယ်၊ ဒါပေမဲ့ အစိုးရအ ဖွဲ့က ယာဉ်လိုင်းကုမ္ပဏီအားလုံး ကို အရှုံးမပေါ်အောင် ကူညီပေးနေ တာတွေလည်း ရှိပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည် သူသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 

လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝယ်ယူထားသည့် YBS အစီး တစ်ထောင်ကို YUPT နှင့် YBPC ယာဉ်လိုင်းကုမ္ပဏီများရှိ YBS 2 ၊ YBS 3 ၊ YBS 4 ၊ YBS 7 ၊ YBS 8 ၊ YBS 10 ၊ YBS 11 ၊ YBS 15 ၊ YBS 17 ၊ YBS 24 ၊ YBS 26 ၊ YBS 28 ၊ YBS 29 ၊ YBS 36 ၊ YBS 40 ၊ YBS 58 ၊ YBS 59 ၊ YBS 65 ၊ YBS 37 ၊ YBS 43 ၊ YBS 62 ၊ YBS 72 ၊ YBS 87 ၊ YBS 88 ၊ YBS 89 နှင့် YBS 96 ယာဉ်လိုင်း များတွင် တာဝန်ယူပြေးဆွဲနေကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)