Local Industry



မော်တော်ယာဉ်များ အမျိုးအစားပြောင်းလဲခြင်းကိစ္စ

မော်တော်ယာဉ်များ အမျိုးအစားပြောင်းလဲခြင်းကိစ္စ google

၁။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့်မော်တော်ယာဉ်အမျိုးအစား ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို မထိခိုက်စေရန် ယာဉ်၏ အတိုင်းအတာ ပြောင်းလဲခြင်းနှင့် တင်အားတိုးမြှင့် ခြင်းမရှိသော ယာဉ်ကိုယ်ထည်အား အပြန်အလှန် ပြောင်းလဲခြင်း များကို ခွင့်ပြုပေးလျက်ရှိပါတယ်။

 

၂။မော်တော်ယာဉ်များအမျိုးအစားပြောင်းလဲခြင်းများအတွက် ခွင့်ပြုနိုင်သည့် ပြောင်းလဲခြင်းများနှင့် ခွင့်မပြုနိုင်သည့် ပြောင်းလဲခြင်းများအား အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါခင်ဗျာ။

 

(က) ခွင့်ပြုနိုင်သည့် မော်တော်ယာဉ်အမျိုးအစားပြောင်းလဲခြင်း

 

(၁) ကုန်တင်ယာဉ် (Truck)၊ သစ်လုံးတင်ယာဉ် (Logging Truck) ကုန်သေတ္တာယာဉ် (Container Carrier Truck) နှင့် Box Truck (Van) ယာဉ်များသည် ယာဉ်ကိုယ် ထည်ပုံစံ ကွဲပြားခြားနားသော်လည်း ယာဉ်တည်ဆောက်မှုအခြေခံပုံစံဖြစ်သော ကြမ်းခင်းနှင့် သက်ကယ်ဘောင် တပ်ဆင်ထားမှုမှာ အနီးစပ်ဆုံးတူညီသဖြင့် သတ်မှတ်ထားသည့် အန္တရာယ်ကင်းရှင်းရေး ဆိုင်ရာကိရိယာများ (Safety Device နှင့် Equipment) စနစ်တကျတပ်ဆင်ထားရှိလျှင် ယာဉ်ကိုယ် ထည်အား အပြန်အလှန်ပြောင်းလဲခွင့်ပြုပါတယ်။

 

(၂)ယာဉ်တည်ဆောက်မှုပုံစံအခြေခံဖြစ်သော ကြမ်းခင်းနှင့် သက်ကယ်ဘောင် တပ်ဆင်မှု အနီးစပ်ဆုံးတူညီသည့် ပြောင်းလဲခြင်းများဖြစ်သော Truck Type Vehicle မှ Truck with Crane, Car Carrier (နည်းပညာမြင့်တည်ဆောက်မှုပုံစံမဟုတ်သော ရိုးရိုး Car Carrier), Transporter , ရေသယ်ယာဉ် (Bowser (water)) ကဲ့သို့သောပြောင်းလဲခြင်းများနှင့် Specially Equipped Vehicle မှ သာမန် Truck Type Vehicle တစ်မျိုးမျိုးသို့ ပြောင်းလဲသည့်ယာဉ်များအား အမှုတွဲတစ်ခုချင်းစီ အလိုက် ရုံးချုပ်သို့တင်ပြ၍ အတည်ပြုချက်ရယူရမည်လဲ ဖြစ်ပါတယ်။

 

(ခ) ခွင့်မပြုနိုင်သည့် မော်တော်ယာဉ်အမျိုးအစားပြောင်းလဲခြင်း

 

(၁) Truck Type Vehicle မှ Specially Equipped Vehicle သို့ လည်းကောင်း၊ Specially Equipped Vehicle တစ်မျိုးမျိုးမှ အခြား Specially Equipped Vehicle တစ်မျိုးမျိုးသို့လည်းကောင်း ပြောင်းလဲခြင်းများအား ခွင့်မပြု။

 

(၂) ရေသယ်ယာဉ် (Bowser (Water) ပြောင်းလျှောက်ထားမှု များတွင် ယာဉ်တည်ဆောက်မှုပုံစံအရ လောင်စာဆီနှင့် အခြားအန္တရာယ် ဖြစ်စေနိုင်သော Dangerous သယ်ဆောင်သည့် Bowser ပုံစံပြောင်းလဲမှုများလုံးဝခွင့်မပြု။

 

Source; ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

Read times
Rate this item
(1 Vote)