Local Industry



Daewoo ကုမ္ပဏီမှ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ ၅၀၀ ခန့် ထုတ်လုပ်သွားမည်

Daewoo ကုမ္ပဏီမှ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ ၅၀၀ ခန့် ထုတ်လုပ်သွားမည် google

မြန်မာနိုင်ငံမှ မော်တော်ယာဉ် အသုံးပြုသူများနှင့် အကျွမ်းတဝင်ရှိသော ကိုရီးယားနိုင်ငံထုတ် Daewoo ကားကြီးများကို ယခုအခါ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အစီးရေ ၅၀၀ ခန့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း Daewoo Bus Myanmar Co.Ltd မှ သိရသည်။

 

Daewoo Bus Myanmar Co.Ltd ၏ ကားထုတ်လုပ်ရေး စက်ရုံကို ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်တွင် တည်ဆောက်လုပ်ကိုင်လျက်ရှိပြီး အဆိုပါစက်ရုံမှ တစ်နှစ်လျှင် Daewoo City Bus BS 106 နှင့် Lestar Minibus နှစ်မျိုးကို ထုတ်လုပ်သွားမည်ဖြစ်ကာ ပြည်တွင်းအတွက် သာမက ပြည်ပသို့ Export ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

‘‘Pilot Production အနေနဲ့ စထုတ်နေ ပြီ။ ကိုရီးယားက ထုတ်လုပ်တဲ့ Quality အတိုင်း ရမှာပါ။ City Bus မှာတော့ ဒီဇယ်နဲ့ CNG နှစ်မျိုးဆိုပြီး ထုတ်လုပ်သွားမှာ လည်းဖြစ်ပါတယ်။ Customer စိတ်ကြိုက် ရွေးချယ်လို့ရတာကြောင့် ဈေးကတော့ အပြောင်းအလဲရှိပါတယ် ဟု Daewoo Bus Myanmar Co.Ltd မှ ဒေါက်တာ ကျော်ကျော်အောင်မှ ပြောကြားခဲ့သည်။

 

Lestar Minibus ကို အခြေခံဈေးနှုန်း ကန်ဒေါ်လာ ၄၅,၀၀၀ နှင့် City Bus BS 106 ၏ ဈေးနှုန်းသည် ကန်ဒေါ်လာ ၈၅,၀၀၀ ရှိမည်ဖြစ်ပြီး ဝယ်ယူသူ၏လိုအပ်ချက်ပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိမည်ဖြစ်ကြောင်း ဒေါက်တာကျော်ကျော်အောင်က ပြောကြားခဲ့သည်။ လက်ရှိ Daewoo Bus Myanmar ကုမ္ပဏီတွင် မြန်မာဝန်ထမ်း (၁၀၀)ကျော်ရှိပြီး ယခုလို ဘတ်စ်ကားတစ်စီး ထုတ်လုပ်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံမှာ On Job Training ယူထားသော မြန်မာအင်ဂျင်နီယာတွေကိုယ်တိုင် တပ်ဆင်ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Source; Carjournal

Read times
Rate this item
(0 votes)