Local Industry



၁၉၉၉ မှ ၂၀၀၃ မိုဒယ်အထိ YBS Bus များ အပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထား

၁၉၉၉ မှ ၂၀၀၃ မိုဒယ်အထိ YBS Bus များ အပ်နှံပါက လူစီးစလစ်ထုတ်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြထား facebook

၁၉၉၉ မှ ၂၀၀၃ မိုဒယ်အထိ YBS Bus များအပ်နှံပါက လူစီး စလစ် ထုတ်ပေးရန် ရန်ကုန်တိုင်း ဒေသ ကြီး အများပြည်သူ သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

 

YBS စနစ် ပြောင်းလဲရာတွင် ၀န်ဆောင်မှုကောင်းများ အပြည့် အ၀ပေးနိုင်ရန်နှင့် ယာဉ်ပိုင်ရှင်များ နစ်နာမှု မရှိစေရန် စက်စွမ်းအား ကျဆင်းလာသော ၁၉၉၉ မိုဒယ်မှ ၂၀၀၃ မိုဒယ်အထိ ခရီးသည်တင် ယာဉ်များ အပ်နှံပါက လူစီးစလစ် ပေးရန် YRTA မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည်။

 

“၁၉၉၉ မိုဒယ်ကနေ ၂၀၀၃ မိုဒယ်အတွင်း YBS Bus တွေက ကြံ့ခိုင်မှု လျော့နည်းနေတဲ့အတွက် စနစ်သစ်ပြောင်းလဲရာမှာ လိုက်ပါဖို့ ခက်ခဲနေပါတယ်၊ ဒါကြောင့် ဒီ ကားတွေကို အပ်နှံခွင့်ပေးပြီး လူစီးစလစ်ထုတ်ပေးဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တင်ပြထားပါတယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ဘတ်စ်တွေကို လူစီးစလစ် ထုတ်ပေးတဲ့အခါ YBS စနစ် ပြောင်းလဲမှုမှာ ပြေးဆွဲနေတဲ့ ကားတွေကိုပဲပေးမှာလား၊ YBS မပြောင်းခဲ့တဲ့ လက်ကျန် ခရီးသည်တင်ယာဉ်တွေကိုရော ပေးမလားဆိုတာ မသိ ရသေးပါဘူး၊ ပြည်ထောင်စုအစိုးရအဖွဲ့က ယာဉ်အို/ဟောင်း စီမံချက်နဲ့ ၁၉၉၉ မိုဒယ်အထိပဲ အပ်နှံခွင့်ပြုတဲ့အတွက် အထူးစီမံချက် အနေနဲ့ ခွင့်ပြုပေးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ တင်ပြပေးမယ် လို့ သိရပါတယ်ဟု ရန်ကုန်တိုင်း ဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

 

လက်ရှိတွင် ၁၉၉၅ မိုဒယ်မှ ၁၉၉၈ မိုဒယ်အတွင်း ခရီးသည်ယာဉ်များ အပ်နှံပါက လူစီးစလစ် ထုတ်ပေးရာတွင် ၃,၆၆၈ စီး အပ်နှံ ထားပြီး ၁၉၉၅ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ်များထဲမှ အစီးသုံးဆယ်ကျော် အပ်နှံရန် ကျန်ရှိ နေသေးသည်။ ၁၉၉၉ မိုဒယ်မှ ၂၀၀၃ မိုဒယ်အထိ ခရီးသည်တင် ယာဉ်များကို အပ်နှံခွင့်ပြုမည်ဆိုပါက လက်ရှိမြင့်တက်နေသော ရန်ကုန်လိုင်စင် အမည်ပေါက် စလစ်ဈေးများမှာ အနည်းငယ် ပြန်လည် ကျဆင်းသွားနိုင်ဖွယ် ရှိကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)