Local Industry



Luxury Sedan ကားအမျိုးအစားသစ် Cadillac CT6 ကို Pacific Alpine Myanmar မှ စတင်ရောင်းချ

Luxury Sedan ကားအမျိုးအစားသစ် Cadillac CT6 ကို Pacific Alpine Myanmar မှ စတင်ရောင်းချ facebook
အမေရိကန် ကားကုမ္ပဏီဖြစ်သည့် General Motor ၏ အထင်ကရ မိုဒယ်တစ်ခုဖြစ်သော Cadillac CT6 သည် Full Size Luxury Sedan ကားဖြစ်ပြီး 3.6 Litre V6 Engine တပ်ဆင်ထားသည်။
 
Cadillac CT6 ကိုယ်ထည်၏ ၆၂ ရာခိုင်နှုန်းကို Aluminium ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး ကားအတွင်းပိုင်းတွင် တန်ဖိုးမြင့် ဇိမ်ခံကားတစ်စီးတွင် ပါဝင်သည့် ကျွန်းကွက်များဖြင့် အလှဆင်ထားသည့်အပြင် Leather Seat များလည်း တပ်ဆင်ထားသည်။ ထို့ပြင် နည်းပညာမြင့်ကားများတွင်သာ ပါဝင်သည့် Drive Mode စနစ်ဖြစ်သော Touring ၊ Sport ၊ Snow စသည့် သုံးမျိုးကို ရွေးချယ်မောင်းနှင်နိုင်သည်။ Safety Alert ၊ HD Surround Vision ၊ Surround Vision Recorder များကိုလည်း တပ်ဆင်ပေးထားပြီး ကားတစ်စီးလုံး၏ လုပ်ဆောင်ချက်များကို 10.2 inch Touch Pad မှတစ်ဆင့် ဆောင်ရွက်နိုင်မည် ဖြစ်ကာ Entertainment အတွက် Bose အမှတ်တံဆိပ် စပီကာ ၁၀ လုံး တပ်ဆင်ထားသည်။
 
“Mercedes ၊ BMW ၊ Audi အစရှိတဲ့ အမှတ်တံဆိပ်တွေလိုပဲ Cadillac ကလည်း ထိပ်တန်းစာရင်းဝင်တဲ့ ကားအမှတ်တံဆိပ် တစ်ခုဖြစ်ပြီး General Motor ရဲ့ ကျော်ကြားတဲ့ Luxury Brand တစ်ခု ဖြစ်တယ်၊ Cadillac Brand ကို အမေရိကန်နိုင်ငံမှာဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သူဌေးတွေစီး ကြတာတွေ့ရမှာ ဖြစ်ပါတယ်၊ အခု မိတ်ဆက်ရောင်းချတဲ့ Cadillac CT6 ဟာ BMW 7 Series ၊ Mercedes S Class တို့နဲ့ ရင်ပေါင်တန်းနိုင်တဲ့အပြင် ဈေးနှုန်းလည်း ချိုသာပါတယ်”ဟု Pacific Alpine Myanmar Limited ၏ အမှုဆောင်ဒါရိုက်တာက ပြောသည်။
 
Cadillac CT6 တွင် ကင်မရာများပါဝင်ပြီး ယာဉ်မတော်တဆ ဖြစ်ခြင်းကြောင့် ကြိုတင်ရှောင်ရှားနိုင်မည့် Forward Collision Alert ၊ Lane Keep Assist and Lane Departure Warning ၊ Side Blind Zone Alert ၊ Rear Cross Traffic Alert ၊ Automatic Braking System ၊ Automatic Parking Assist စသော General Motor ၏ နောက်ဆုံးပေါ်နည်းပညာများ ပါဝင်သည်။ Cadillac CT6 ကို အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
 
cadillac_CT6_0.jpg
 
cadillac_CT6_1.jpg
 
 Cadillac_Ct6_2.jpg
 
cadillac_CT6_3.jpg
 
cadillac_CT6_4.jpg
 
cadillac_CT6_5.jpg
 
cadillac_CT6_6.jpg
 
cadillac_CT6_7.jpg
 
cadillac_CT6_8.jpg
 
 
 
Source; Automobile Journal
Read times
Rate this item
(1 Vote)