Local Industry



တစ်ပတ်အတွင်းအရောင်းရဆုံးကားဈေးနှုန်းများ

စလစ်ဈေး တဖြည်းဖြည်းမြင့်တက်လာခြင်းကြောင့် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသား ကားများသာ အရောင်းအဝယ်ဖြစ်နေပြီး ကျပ်သိန်းနှစ်ရာအောက် ၁၃၀၀ စီစီကားများမှာ အမြင့်ဆုံးဈေးနှုန်းတွင် ရောက်ရှိနေသည်။

 

ပြည်မှ တင်သွင်းထားသည့် Brand New ကားများမှာ ရန်ကုန်လိုင်စင်ရယူရန် စလစ်လိုအပ်ချက်ရှိနေပြီး အပ်ကားရှားပါးလာခြင်းကြောင့် စလစ်ဈေးများ မြင့်တက်လျက်ရှိရာ စတိနံပါတ်ကားများမှာ အရောင်းအဝယ် သိသိသာသာ အေးနေသည်။ ဈေးကွက်အကြိုက် ဂျပန်ညာမောင်း ကားဟောင်းများသာ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ရန်ကုန်လိုင်စင် Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Fielder ၊ Toyota Wish ၊ Toyota Kluger ၊ Toyota Crown နှင့် Toyota Mark II တို့မှာ အဝယ်လိုက်နေကြကြောင်း သိရသည်။ Brand New ကားများအတွက် စလစ်လိုအပ်ချက်ရှိနေခြင်းကြောင့် စလစ်ဈေးမှာ တဖြည်းဖြည်း မြင့်တက်နေပြီး ရန်ကုန်လိုင်စင် နှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၄၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁၂၇ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။ ကညနမှ နံပါတ် ထုတ်ပေးမှု စာရင်းများအရ 6Q/3981 နှင့် HH/4020 သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

14.6.2019 မှ 20.6.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

20.6.191.PNG

 

20.6.192.PNG

 

Source; Automobile Journal

Read times
Rate this item
(1 Vote)