Local Industry



Toyota Myanamr မှ ၂၀၁၉ မိုဒယ် Toyota Avanza ကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချ

Toyota Myanamr မှ ၂၀၁၉ မိုဒယ် Toyota Avanza ကို ပြည်တွင်းဈေးကွက်၌ စတင်ရောင်းချ facebook

၂၀၁၉ မိုဒယ် Toyota Avanza သည် ယခင်မိုဒယ်ထက် ကားအပြင်ဘက် ဒီဇိုင်း ပိုမိုဆန်းသစ်အောင် ဖန်တီးထားသော ခုနစ်ယောက်စီး MPV ကား အမျိုးအစားဖြစ်သည်။

 

Avanza တွင် 1.3 Litre Dual VVT-i Twin-cam Engine(1NR-VE) 4-speed Automatic Transmission အင်ဂျင်အမျိုးအစား ဖြစ်သည်။

 

ကားအပြင်ဘက် ဒီဇိုင်းတွင် ပြောင်းလဲမှုအဖြစ် LED နှစ်ထပ်မီးများ ပါဝင်လာသလို ရှေ့ရှဲလ်နှင့် ကားအနောက်ဘက်ကိုလည်း ယခင် ဒီဇိုင်းထက် ဆန်းသစ်အောင် ဖန်တီးထားသည်။ ကားအတွင်းပိုင်းတွင် Audio စနစ်နှင့် Aircon မှာ Digital စနစ်ဖြစ်သွားပြီး 6.8inch Touch Screen ၊ DVD Player ၊ Bluetooth ၊ USB ၊ AUX စသည့် Function များပါဝင်သည်။ စီးနင်းသူ လုံခြုံရေးအတွက် Airbag နှစ်လုံးပါဝင်ပြီး Anti Brake System ၊ Electronic Brake-force Distribution (EBD) တို့ ပါဝင်သည်။

 

၂၀၁၉ မိုဒယ် Toyota Avanza မှာ အရင်မိုဒယ်ထက် ဒီဇိုင်းပိုင်းကို ပိုပြီးလှပအောင် ဖန်တီးထားပါတယ်၊ ကားဘေးကြည့် မှန်တွေကိုလည်း မြင်ကွင်းကျယ်ပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ဖန်တီးပေးထားပြီး ကားအတွင်းပိုင်းမှာဆိုရင် Audio နဲ့ Aircon တွေကို Digital အဖြစ်နဲ့ ပြောင်းလဲထားပါတယ်၊ နောက်ဘက်ထိုင်ခုံ နှစ်တန်းကို အလွယ်တကူ ခေါက်သိမ်းနိုင်ပြီး ကလေးငယ်တွေအ တွက် အလယ်ထိုင်ခုံမှာ ခါးပတ် ကြိုးတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်ဟု Toyota Myanamr မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၂၀၁၉ မိုဒယ် Toyota Avanza ကို အရောင်ခြောက်မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်ပြီး အခွန်များမပါ ကားတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ထိုကားအတွက် သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)