Local Industry



အပ်ကားရှားပါးလာခြင်းနှင့်အတူ စလစ်ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်ဈေး ထပ်မံမြင့်တက်

အပ်ကားရှားပါးလာခြင်းနှင့်အတူ စလစ်ဝယ်လိုအား မြင့်တက်နေခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်ဈေး ထပ်မံမြင့်တက် google

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ် ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ်မလာသေးသလို ဈေးကွက်အတွင်း၌လည်း အပ်ကား ရှားပါးနေခြင်းကြောင့် စလစ်ဈေးများ တဖြည်းဖြည်း မြင့်တက်နေသည်။

 

ထို့ပြင် ကားအရောင်းစင်တာများမှ တင်သွင်းထားသော စလစ်ကပ် ဂျပန်ညာမောင်း လက်ကျန်ကားများနှင့် ရန်ကုန်လိုင်စင် ရယူလိုသော CBU ဖြင့် တင်သွင်းထားသည့် Brand New ကားများ ကြောင့် ကားဟောင်းစလစ် လိုအပ်ချက်များ ရှိနေသည်။ အပ်ကားရှားပါးနေခြင်းနှင့် စလစ်လိုအပ်ချက်ရှိ နေခြင်းကြောင့်လည်း ရန်ကုန်လိုင်စင် နှစ် နှစ်ဆယ်အမည်ပေါက် စလစ်ဈေးမှာ ယခင်လထက် ကျပ်ငါးသိန်း ထပ်မံမြင့်တက်သွားခဲ့သည်။

 

“ဒီလထဲမှာ ရန်ကုန်လိုင်စင် နှစ် နှစ်ဆယ်စလစ်က ကျပ်ငါးသိန်း ၀န်းကျင် မြင့်တက်သွားပါတယ်၊ အပ်ကားရှားပါးနေပြီး YVQC စနစ် လည်း ထွက်ပေါ်မလာသေးတဲ့ အတွက် စလစ်လိုအပ်ချက်က ရှိနေမှာပါ၊ ကားအရောင်းစင်တာတွေက တင်သွင်းထားတဲ့ Consignment လက်ကျန်ကားတွေနဲ့ ရန်ကုန်လိုင်စင် ရယူလိုတဲ့ Brand New ကားတွေအတွက် စလစ်လိုအပ်ချက် ရှိနေလို့ ဈေးမြင့်တက်သွားတာ ဖြစ်ပါတယ်၊ နောက်ပြီး တိုက်ကြေစလစ်ကလည်း ရှားပါးလာတဲ့အတွက် နံပါတ်ယူဖို့ မစောင့်နိုင်တဲ့သူတွေက သက်တမ်းနှစ် နှစ်ဆယ် စလစ်ကို ၀ယ်ယူကြတဲ့လို့ ၀ယ်လိုအားနဲ့ လိုအပ်ချက်မမျှဘဲ ဈေးမြင့်တက်သွားတာ ဖြစ်ပါတယ်၊ ကြီးကော်အနေနဲ့ Consignment လက်ကျန်ကားတွေကို စာရင်း ပြုစုပြီး YVQC လိုမျိုး စနစ်တစ်ခုနဲ့ ရန်ကုန်လိုင်စင် ခွင့်ပြုပေးမယ် ဆိုရင် စလစ်ဈေးတွေ ကျသွားဖို့ရှိပါတယ်”ဟု “စင်္ကြာရွှေရည် ကားအရောင်းစင်တာ”မှ မန်နေဂျင်း ဒါရိုက်တာက ဆိုသည်။

 

အပ်ကား ရှားပါးလာခြင်းကြောင့် ယခုနှစ်စမှ မေလကုန်အထိ ရန်ကုန်လိုင်စင် နှစ် နှစ်ဆယ် အပ်ကား ၁၉၂ စီး နှင့် တိုက်ကြေ ၁၈၇ စီးသာ အပ်နှံမှုရှိခဲ့သည်။ ဈေးကွက်လိုအပ်ချက်အရ စလစ်ဈေးများ တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ ရန်ကုန်လိုင်စင် နှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၄၅ သိန်း ၀န်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ်သိန်း ၁၂၈ ၀န်းကျင် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)