Local Industry



ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရန် ကိုယ်စားဆောင်ရွက်ခွင့် စတင်ခွင့်ပြု

ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲရာတွင် လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့်

လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ကညန၏လုပ်ငန်းများ ပိုမိုမြန်ဆန်စေရန် ရည်ရွယ်ပြီး ယခင်ကဲ့သို့ ပိုင်ရှင်ကိုယ်တိုင်လာရောက်ရန်မလိုတော့ဘဲ အမည်ပေါက်ပြောင်းလဲခြင်းကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးရှိရုံးများတွင် ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

ထိုသို့ ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲခြင်းလာရောက်ဆောင်ရွက်ရာတွင်
ယာဉ်ဝယ်ယူခြင်းအတွက်
● ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်စည်းကြပ်ပြီးကြောင်း အခွန်ပုံစံတွင် အမည်ပေါက်ပေးဆောင်သူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊
● အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၁၀) မူရင်း၊ အရောင်းအဝယ်စာချုပ်၊
●ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူပြီးကြောင်း အခွန်ပုံစံနှင့်
●လုပ်ငန်း လာရောက်ဆောင်ရွက်သူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း
တင်ပြရန်လိုအပ်ကြောင်းသိရသည်။

Read times
Rate this item
(1 Vote)