Local Industry



ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကို ၃ ရာခိုင်နှုန်းအထိဖြေလျှော့ သတ်မှတ်ပေးရန် တင်ပြမည်

ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းကို ၃ ရာခိုင်နှုန်းအထိဖြေလျှော့ သတ်မှတ်ပေးရန် တင်ပြမည် google

မော်​​တော်ယာဉ်အမည်​​ပေါက်​​ပြောင်းလဲခြင်းကို ၃ ရာခိုင်နှုန်းအထိ ဖြေလျှော့သတ်မှတ်​​ပေးရန်အတွက် ရန်ကုန်တိုင်ဒေသကြီးလွှတ်​​တော်မှတစ်ဆင့် ပြည်​​ထောင်စုအဆင့်အထိ တင်ပြသွားမည်ဖြစ်​​ကြောင်း လွှတ်​​တော်ကိုယ်စားလှယ်တစ်ဦးကပြောဆိုခဲ့သည်

 


မော်​​တော်ယာဉ်လက်ဝယ်​​​​ပိုင်ရှင်ရှိသူ၏ အမည်​​ပေါက်​​မှန်ကန်မှု မရှိသည့်အတွက် ယာဉ်တော်တဆမှုများဖြစ်ပွားရာတွင် ယာဉ်ပိုင်ရှင်အမည်​​ပေါက် မဟုတ်သောကြောင့် သက်ဆိုင်ရာဌာနဆိုင်ရာမှ ထိုကားများကို ရှာဖွေရ ခက်ခဲ​​နေပြီး တရားဥပဒေစိုးမိုးမှုအတွက် ယာဉ်အမည်​​ပေါက်​​ပြောင်းလဲရာတွင် ပေးဆောင်ရသည့် အခွန်ရာခိုင်နှုန်းမှာများပြားလွန်နေ၍ လက်ရှိကောက်ခံနေသော ၁၅ ရာခိုင်နှုန်းအခွန်အားဖြေလျှော့ပေးရန်အတွက် ရန်ကုန်တိုင်ဒေသကြီးလွှတ်​​တော်ထံသို့ တင်ပြသွားမည်ဖြစ်​​ကြောင်းသိရသည်

 

 

"ယာဉ်အမည်​​ပေါက်​​ပြောင်းတာကို ၃ ရာခိုင်နှုန်လောက်အထိဖြေလျှော့ဖို့တင်ပြသွားမယ်။ ယာဉ်တိုက်မိတာတို့၊ ဒုစရိုက်မှုဖြစ်တာတို့ဆို ကားနံပတ်ကနေပြီး ပြန်ရှာရတာမလွယ်ဘူးဖြစ်​​နေတယ်။ ပြန်မိတဲ့အချိန်ကလည်း အချိန်ကြာမှမိတော့ ဥပဒေစိုးမိုးမှုက အရမ်းအားနည်းသလိုဖြစ်​​နေတယ်။ အမည်​​ပြောင်းတဲ့အခါမှာ ၃ ရာခိုင်နှုန်လောက်ဆို လူတိုင်ဆောင်နိုင်သလို ကိုယ့်အမည်နဲ့ပဲလုပ်ချင်ကြတယ်။ အခုလက်ရှိ ၁၅ ရာခိုင်နှုန်းဆိုတာ သိန်း ၁၀၀ တန်ကားက ၁၅ သိန်းဖြစ်​​နေတော့ ဘယ်သူမှမပြောင်းချင်​​ဘူး။ ဒါ့အပြင် ယာဉ်ပိုင်ရှင်လည်း မိမိနာမည်​​ပေါက်ကို ရှိနေမှ ရှာရတာလွယ်ကူမှာ။ ဒါကိုရန်ကုန်ကုန်တိုင်းလွှတ်​​တော်ကိုတင်ပြဆွေးနွေးသွားမယ်။ ပြည်​​ထောင်စုအဆင့်မှာဆွေးနွေးဖို့တိုက်တွန်းသွားမှာပါ။"ဟု ဒဂုံမြို့သစ်​​တောင်ပိုင်း မဲဆန္ဒနယ်အမှတ် (၁) လူမူရေးနှင့် စီမံခန့်ခွဲရေးကော်မတီအတွင်ရေးမှူး ဦးညီညီကပြောသည်

 

 

လက်ရှိတွင် မော်​​တော်ယာဉ်များ အမည်​​ပြောင်းခွန်​​ဆောင်ရာ၌ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်၏ အခွန်ကောက်ဥပဒေအရ မော်တော်ယာဉ်များအတွက် အမည်ပြောင်းခွန် သတ်မှတ်ရာတွင် အခွန်နှုန်းထားများမှာ ကျပ်သိန်း ၃၀၀ နှင့်အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ် သိန်း ၁၀၀၀ အထိကို ၂၀ ရာခိုင် နှုန်းနှင့် ကျပ်သိန်း ၁၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားရှိကြောင်းသိရသည်

 

 

Source; CarsDb

Read times
Rate this item
(1 Vote)