Local Industry



Hyundai Myanmar မှ Customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Hyundai Remember Event ကျင်းပမည်

Hyundai Myanmar မှ Customer များကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် Hyundai Remember Event ကျင်းပမည် google

ရန်ကုန်မြို့ရှိ Hyundai International KLM (သမိုင်း)၊ Hyundai Grand Sirius (အလုံ)၊ Hyundai Koe Sel Sa Co (မြောက်ဒဂုံ)၊

Hyundai Cherry MYKO (တောင်ဥက္ကလာပ)၊ Hyundai Green Gate (မြောက်ဥက္ကလာပ)၊Hyundai JPM & MMM (တာမွေ)၊ Hyundai United Dimo (သင်္ဃန်းကျွန်း)၊ Hyundai Myint Myat Maung (လှိုင်) စသည့် အရောင်းပြခန်း ရှစ်ခုတွင် ကားဝယ်ယူခဲ့သည့် Customer များကို ကျေးဇူးတုံ့ပြန်သည့်အနေ ဖြင့် Free Fumigation (ကား အတွင်းခန်း ပိုးသတ်ပေးခြင်း)၊ ကား အင်ဂျင်အတွက် ၂၆ ချက် အခမဲ့ စစ်ဆေးပေးခြင်း၊ အင်ဂျင်ဝိုင် လဲချင်သူများအတွက် လက်ခမဲ့ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ထို့ပြင် Hyundai Facebook Event တွင် ပါဝင်သူတိုင်းကိုလည်း ထီး လက်ဆောင် ပေးသွားမှာပါ။

 

“Hyundai ကား ၀ယ်ယူခဲ့တဲ့ Customer တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Hyundai Remember Event ကို ကျင်းပတာ ဖြစ်ပါတယ်၊ အခမဲ့ဝန်ဆောင်မှု သုံးမျိုးအပြင် Hyundai ရုံးချုပ်မှာရှိတဲ့ ကားတွေ နဲ့အတူ ဓာတ်ပုံတွဲရိုက်ပြီး Check-in လုပ်ရုံနဲ့ ထီးတစ်ချောင်းလက် ဆောင်ရရှိမှာ ဖြစ်ပါတယ်၊ ကားစစ် ဆေးချင်တဲ့ Customer တွေအနေ နဲ့ ရက်ချိန်းကို ဖုန်းနံပါတ် ၀၁-၅၂၂၇၂၄ မှာ ကြိုတင်ရယူရမှာ ဖြစ်ပါတယ်” ဟု Hyundai International KLM Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

Hyundai Myanmar မှ Hyundai International KLM Co.,Ltd (သမိုင်း)တွင် H1 ၊ Sonata ၊ SantaFe ၊ H-100 ၊ Tucson စသည့် CBU ကားများ နှင့် Accent ၊ Grand i10 ၊ Creta စသည့် SKD ကား သုံးမျိုး ကို ရောင်းချပေးနေပြီး ရန်ကုန်မြို့ရှိ အခြား Dealer Showroom များ တွင် SKD ကားအမျိုးအစားသုံးမျိုး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)