Local Industry



ရန်ကုန်-ပုသိမ်လမ်း နေရာအချို့ ယာယီ လမ်းပိတ်ထား

ရန်ကုန်-ပုသိမ်လမ်း မိုင် (22/3-22/4) အတွင်း

[ကွန်ကရစ် အင်အားရရှိရန် သတ်မှတ်ရက်စောင့်ဆိုင်းနေရသဖြင့် မော်တော်ယာဉ်ဖြတ်သန်း၍ မရသေးသောလမ်းတစ်ခြမ်းအပိုင်း] နှင့် 

မိုင် 21/0-21/2 အတွင်း [မဲဇလီစစ်ဆေးရေးဂိတ်နေရာ တစ်ခြမ်းခင်းပြီး၍ ကျန်တစ်ခြမ်းဆက်လက်ဆောင်ရွက်လျက်ရှိသောအပိုင်း] တို့တွင်
ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် လမ်းဦးစီးဌာန ဝန်ထမ်များ၊ ယာဉ်ထိန်းရဲ များ၊ ရဲတပ်ဖွဲ့ဝင် များဖြင့် မော်တော်ယာဉ် များအားအလှည့်ကျ လွှတ်သော စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ပါ၍ မော်တော်ယာဉ်များ မှ အလှည့်ကျစောင့်ဆိုင်းနေစဉ် ကာလအတွင်း ကျော်တက်ခြင်း မပြုဘဲ စိတ်ရှည်သည်းခံစွာမောင်းနှင်ပေးခြင်း ဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံထားပါသည်။
လမ်းဦးစီးဌာန အနေဖြင့် အဆိုပါဆောင်ရွက်ရန် ကျန်ရှိသော လမ်းတခြမ်း ပေ (၁၄၀၀) ခန့်အား အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် Batching Plant (၂) လုံး ၊ ကွန်ကရစ်သယ်ယာဉ် (၅) စီး ၊ ကာယဉာဏလုပ်သား (၆၀) ဦးခန့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဧရာဝတီတိုင်း​ဒေသကြီးသို့ လက်ရှိ ရန်ကုန်-ပုသိမ်လမ်းမကြီးအပြင် အခြား​သောလမ်းများမှလည်း သွား​ရောက်နိုင်ပါ​သည်။

 

ရန္ကုန္-ပုသိမ္လမ္း မိုင္ (22/3-22/4) အတြင္း ယာယီ လမ္းပိတ္ထား

ရန္ကုန္-ပုသိမ္လမ္း မိုင္ (22/3-22/4) အတြင္း [ကြန္ကရစ္ အင္အားရရွိရန္သတ္မွတ္ရက္ေစာင့္ဆိုင္းေနရသျဖင့္ ေမာ္ေတာ္ယာဥ္ျဖတ္သန္း၍ မရေသးေသာလမ္းတစ္ျခမ္းအပိုင္း] ႏွင့္
မိုင္ 21/0-21/2 အတြင္း [မဲဇလီစစ္ေဆးေရးဂိတ္ေနရာ တစ္ျခမ္းခင္းၿပီး၍ က်န္တစ္ျခမ္းဆက္လက္ေဆာင္႐ြက္လ်က္ရွိေသာအပိုင္း] တို႔တြင္
ယာဥ္ေၾကာပိတ္ဆို႔မႈ မရွိေစေရးအတြက္ လမ္းဦးစီးဌာန ဝန္ထမ္မ်ား၊ ယာဥ္ထိန္းရဲ မ်ား၊ ရဲတပ္ဖြဲ႕ဝင္ မ်ားျဖင့္ ေမာ္ေတာ္ယာဥ္ မ်ားအားအလွည့္က် လႊတ္ေသာ စနစ္ျဖင့္ ေဆာင္႐ြက္လ်က္ ရွိသည္။
သို႔ျဖစ္ပါ၍ ေမာ္ေတာ္ယာဥ္မ်ား မွ အလွည့္က်ေစာင့္ဆိုင္းေနစဥ္ ကာလအတြင္း ေက်ာ္တက္ျခင္း မျပဳဘဲ စိတ္ရွည္သည္းခံစြာေမာင္းႏွင္ေပးျခင္း ျဖင့္ ကူညီေပးပါရန္ ေမတၱာရပ္ခံထားပါသည္။
လမ္းဦးစီးဌာန အေနျဖင့္ အဆိုပါေဆာင္႐ြက္ရန္ က်န္ရွိေသာ လမ္းတျခမ္း ေပ (၁၄၀၀) ခန႔္အား အျမန္ဆုံးၿပီးစီးႏိုင္ေရးအတြက္ Batching Plant (၂) လုံး ၊ ကြန္ကရစ္သယ္ယာဥ္ (၅) စီး ၊ ကာယဉာဏလုပ္သား (၆၀) ဦးခန႔္ျဖင့္ ေဆာင္႐ြက္လ်က္ရွိသည္။

 

 

Read times
Rate this item
(2 votes)