Local Industry



တစ်ပတ်အတွင်းအရောင်းရဆုံးကားဈေးနှုန်းများ

တစ်ပတ်အတွင်းအရောင်းရဆုံးကားဈေးနှုန်းများ google

နယ်အဝယ်လည်း အဆင်းနည်းသွားသောကြောင့် ကားဈေးကွက်က အနည်းငယ်ငြိမ်သက်သွားသည်။

 

ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ ရောင်းကားရှားနေချိန်တွင် ဈေးကွက်အကြိုက်ဖြစ်သည့် Honda Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Probox ၊ Honda Fit GK3 တို့မှာ တက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ YVQC စနစ် ထွက်ပေါ်မလာသေးခြင်းနှင့် အပ်ကားရှားပါးနေခြင်းကြောင့်လည်း စလစ်ဈေးများ အတက်ဘက်သို့ ဦးတည်သွားပြီး Consignment လက်ကျန်ကားများနှင့် ကားဈေးကွက်မှာ ဆက်ပြီးအေးစက်နေသည်။ အဝယ်များက နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများနှင့် ရန်ကုန်လိုင်စင်ရရှိသည့် SKD ကားများကို အားသာချက်၊ အားနည်းချက်ကြည့်ကာ ချိန်ဆပြီး ဝယ်ယူလာကြသည်။ အများစုက ထိတွေ့မှုနည်းသေးသော ဘယ်မောင်းကားများထက် ညာမောင်းကားများကိုသာ လက်ခံကြပြီး ဈေးကွက်အကြိုက် ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Fielder ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Kluger စသည့် ကားများအဓိက အရောင်းအဝယ်ဖြစ်နေသည်။ သိန်းငါးရာအထက် ကားများထဲတွင် Toyota Vanguard နှင့် Toyota Harrier တို့ အရောင်းအဝယ် ဖြစ်နေသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 6Q/2951 နှင့် HH/4091 သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

7.6.2019 မှ 13.6.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

pricee1.PNG

 

pricee.PNG

 

Source; Automobile Journal

Read times
Rate this item
(1 Vote)