Local Industry



ထုတ်လုပ်မှုသက်တမ်း ၁၀ နှစ်ပြည့် စက်မှုဇုန် Super Custom ကားများအပ်နှံပါက လူစီးစလစ်ထုတ်ပေးမည်

ထုတ်လုပ်မှုသက်တမ်း ၁၀ နှစ်ပြည့် စက်မှုဇုန် Super Custom ကားများအပ်နှံပါက လူစီးစလစ်ထုတ်ပေးမည် google

ထုတ်လုပ်မှုသက်တမ်း ၁၀ နှစ် ပြည့် စက်မှုဇုန် Super Custom များ အပ်နှံပါက လူစီးစလစ်ထုတ် ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ယခုပညာသင်နှစ်မှစ၍ ညာမောင်း ကျောင်းကားများကို ပြေးဆွဲခွင့် မပြုတော့သဖြင့် ယခင် ကျောင်းကားအဖြစ် ပြေးဆွဲခဲ့သော Super Custom များမှာ ဈေး ကွက်ထဲ ၀င်ရောက်လာသည်။ Super Custom ကားများမှာ ထုတ်လုပ် သက်တမ်းနှစ် နှစ်ဆယ် ကျော်ပြီး ဖြစ်သော်လည်း စက်မှုဇုန် အမည်ခံပြီး ပြည်တွင်း၌တပ်ဆင် ထုတ်လုပ်ခဲ့သောကြောင့် ဇုန်အဖြစ် အပ်နှံရန် နှစ်လိုအပ်နေသေးသည်။

 

“စက်မှုဇုန်ထုတ် Super Custom တွေကို ပြည်တွင်းထုတ် လုပ်သက်တမ်း ၁၀ နှစ်ပြည့်ရင် ဇုန်လူစီးအနေနဲ့ အပ်နှံခွင့်ပေးပြီး စလစ်ထုတ်ပေးမှာ ဖြစ်ပါတယ်၊ နှစ်မပြည့်သေးဘဲ တစ်နှစ်၊ ၂ နှစ် လို ကားတွေကိုတော့ အပ်နှံခွင့်ပေး မှာ မဟုတ်ပါဘူး”ဟု ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

လွန်ခဲ့သည့် ၁၀ နှစ်ကျော်က သိန်း တစ်ထောင်ကျော် ပေါက်ဈေး ရှိခဲ့သော Super Custom များ သည် လွတ်လပ်စွာ ကားတင်သွင်း ခွင့်များ ရရှိခဲ့ပြီးနောက် အခြားကား များနည်းတူ တန်ဖိုးလျော့ကျသွား ခဲ့ပြီး ကျောင်းကား၊ ရုံးဖယ်ရီ၊ လိုင်းကားအဖြစ် အသုံးပြုခဲ့ကြ သည်။ Super Custom ကားအ များစုသည် ကြံ့ခိုင်မှု လျော့နည်းနေ သဖြင့် ယာဉ်ပိုင်ရှင်များက အပ်နှံ ခွင့်ရရန် မျှော်လင့်နေကြပြီး ဈေး ကွက်အတွင်း ကားအခြေအနေအ ပေါ်မူတည်ကာ ကျပ်သိန်း ၁၁၀ မှ ၁၂၅ သိန်းဝန်းကျင် ပေါက်ဈေး ရှိကြောင်းသိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)