Local Industry
YBS မြို့ပတ် ယာဉ်လိုင်း ရပ်ဆိုင်းခြင်းအပေါ် ကိုတရုတ်ကလေး မှတ်ချက်ပြု
City Transit Co. မှ ပြေးဆွဲသော ဘတ်စ်လိုင်းဖြစ်ပြီး SCANA ဘတ်စ်မော်တော်ယာဉ်ဖြင့်
ပြေးဆွဲသည့် တစ်ခုတည်းသော ဘတ်စ်လိုင်းဖြစ်သည့် ခရီးသည် တစ်ဦးလျှင် ကျပ် ၅၀၀ ပုံသေဖြင့် ပြေးဆွဲနေသော YBS မြို့ပတ် ယာဥ်လိုင်းကို (15.6.2020) ရက်နေ့မှ စတင်ပြီး ယာဥ်လိုင်းပြေးဆွဲခြင်းကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။
ရန်ကုန်မြို့ ဘတ်စ်ကားလိုင်း ပြေးဆွဲမှုလောကမှာ မထသခေတ်ကတည်းက ကျင်လည်ခဲ့ပြီး ဝိုင်ဘီအက်စ် ခေတ်မှာလည်း ဆက်လက် လုပ်ကိုင်နေတဲ့ ကားအုံနာ တစ်ဦးဖြစ်သူ ကိုတရုတ်ကလေးက အခုလို မှတ်ချက် ပြုထားပါတယ်။
"အမြန်ဆုံးပြန်လည် ပြေးဆွဲနိူင်ပါစေဗျာ။ မူလ Covid 19 မတိုင်ခင်ကတောင် ဝင်ငွေရဲ့
85% ကို ကုန်ကျစရိတ်သုံးရသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း လုပ်ငန်းတွေပါ။
ခုလို အချိန်မှာ ပုံမှန်ဝင်ငွေ မရှိတော့ လုပ်ငန်း လည်ပတ်စရိတ်တောင် မကာမိပါဘူး။
ရေရှည် အရူံးခဲဆွဲဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှ မဖြစ်နိူင်တော့လို့ ယာယီနားရတယ်ဆိုတာလည်း လက်ခံပါတယ်။ ကျွန်တော် ကိုယ်တိုင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို နှစ် (20) ကျော်လုပ်ကိုင်လာသူမို့ သိပါတယ်။ အမြန်ဆုံးပြန်လည် ပြေးဆွဲနိူင်ပါစေလို့ ဆုတောင်းပါတယ်"
Read times
Rate this item
(10 votes)