Local Industry



ညာမောင်းကျောင်းကြို/ပို့ကားများ ဘယ်မောင်း school bus အစားထိုးဝယ်ယူရန် အချိန်အနည်းဆုံး ၃ လအထိ ခွင့်ပြုပေးမည်ဟုဆို

ညာမောင်းကျောင်းကြို/ပို့ကားများ ဘယ်မောင်း school bus အစားထိုးဝယ်ယူရန် အချိန်အနည်းဆုံး ၃ လအထိ ခွင့်ပြုပေးမည်ဟုဆို google

ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် school bus ကျောင်းကားစနစ် စတင်​​ပြေးဆွဲရာ၌ ကျောင်းကြို/ပို့လုပ်ငန်းအတွင်း ပြေးဆွဲမည့်သူများ လက်ရှိအသုံးပြုပြေးဆွဲနေသည့် ညာမောင်းကျောင်းကြို/ပို့ကားများနေရာတွင် ဘယ်​​မောင် school bus များ အစားထိုးဝယ်ယူရန် အချိန်အနည်းဆုံး ၃ လအထိ ခွင့်ပြုပေးသွားမည်ဖြစ်​​ကြောင်း ရန်ကုန်တိုင်း​​ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်

 

ကျောင်းသား/သူများ စီးနင်းမည်ကျောင်းကားပြေးဆွဲသည့်လုပ်ငန်း လုပ်ကိုင်မည့်သူများအနေဖြင့် ဘယ်​​မောင်း school bus ကျောင်းကားများကို ကားအရောင်းစင်တာများထံမှဝယ်ယူပြီး ရန်ကုန်လိုင်စင်​​လျှောက်ထားရယူရာတွင် ယခင်ကတည်းက ကျောင်းကြို/ပို့လုပ်ငန်း လုပ်ကိုင်သူများကိုသာ ရန်ကုန်လိုင်စင်စလစ်ကပ်ရန်မလိုအပ်ဘဲ ခွင့်ပြုပေးမည်ဖြစ်ပြီး ကားဝယ်ယူထားသည့် အရောင်းအဝယ်စာချုပ်အား YRTA ထံသို့ တင်ပြလျှောက်ထား၍ က.ည.န ထံ ယာဉ်မှတ်ပုံတင် တင်ပြသွားရမည်ဖြစ်​​ကြောင်း သိရသည်

 

အခုဆွဲနေတဲ့ ညာမောင်းကားတွေက ဘယ​​မောင်း school bus ကို အစားထိုးဝယ်ယူရမှာပါ။ ကျောင်းကားဝယ်ယူတာကို အချိန်ကတော့ အနည်းဆုံး ၃ လလောက် ​​ပေးထားတယ်။ School bus ဘယ်​​မောင်းကို ဘယ်​​နေရာမှာပဲဝယ်ဝယ် ညာမောင်းကားတွေကနေ ဘယ်​​မောင်းကားအစားထိုးဝယ်တယ်ဆိုတဲ့ ကားဝယ်ထားတဲ့ စာချုပ်ထောက်အထားကိုတော့ YRTA ကို တင်ပြရမှာပါ။ အရောင်းစင်တာတွေကနေ ဘယ်မောင်ကျောင်းကားတွေ အစားထိုးဝယ်ယူတဲ့အခါ ယာဉ်အို၊ ယာဉ်​​ဟောင်း စလစ်ကပ်ဖို့မလိုအပ်တော့ဘဲ ခွင့်ပြုပေးမှာပါ။ ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်

 

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ စာသင်နှစ်တွင် ဘယ်​​မောင်ကျောင်းကားစနစ်​​ကိုစတင်ခဲ့ရာ အစိုးရအဖွဲ့မှ ဝယ်ယူထားသော ကျောင်းကား အစီး ၂၀၀ အနက်၊ ကားအစီး ၆၀ ကျော်ဖြင့် စတင်​​ပြေးဆွဲပေးခဲ့ပြီး စာသင်ကျောင်းများ၏ တောင်းဆိုမှုကြောင့် ညာမောင်းကားများကို ၁ နှစ်​​ ပြေးဆွဲခွင့်ပေးခဲ့ရကြောင်း သိရသည်

Credit; CarsDB

Read times
Rate this item
(1 Vote)