Local Industry



ကလေးဝမြို့အထွက်ရှိ တော့ကျင်တောင်ပြိုကျမှုကြောင့် ကားလမ်းပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့အထွက်ရှိ တာ့ကျင်တောင်သည် ယနေ့(ဇွန် ၁၁ရက်) ညနေ ၆နာရီခွဲခန့်တွင်

တောင်ပြိုကျမှုဖြစ်ပွါးရာ လူနှစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကလေးဝမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

" ခရီးသွားအမျိုးသားနဲ့ အမျိုးသမီး ၂ဦး တောင်ပြိုတာပိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ သူတို့နှစ်ဦးမှာ တစ်ဦးကဒဏ်ရာက အခြေအနေတော်တော်ဆိုးတယ်၊ ခုဆေးရုံပို့ပေးထားပါတယ်၊ ခု ကားလမ်းတော့ ပြန်ပွင့်သွားပြီ" ဟု ကလေးဝမြို့နယ်မီးသတ်စခန်းမှ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
အဆိုပါ တော့ကျင်တောင်ပေါ်မှာ ကျောက်တုံးကြီးများသည် ကားလမ်းမပေါ်သို့ ပြိုကျခဲ့သဖြင့် ကလေးဝမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ခရီးသွားပြည်သူ ၂ဦးထိခိုက်ဒဏ်ရာရရှိသဖြင့် ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းတောင်ပြိုမှု ကြောင့် လမ်းပိတ်ဆိုမှုခတ္တဖြစ်ပွားခဲ့ပြီး ယနေ့ ည ၈နာရီတွင် လမ်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်မှုပြီးစီးသဖြင့် ကားလမ်းပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

(Xinhua)

ကေလးဝၿမိဳ႕အထြက္ရွိ ေတာ့က်င္ေတာင္ၿပိဳက်မႈေၾကာင့္ ကားလမ္းပိတ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝၿမိဳ႕အထြက္ရွိ တာ့က်င္ေတာင္သည္ ယေန႔(ဇြန္ ၁၁ရက္) ညေန ၆နာရီခြဲခန႔္တြင္ ေတာင္ၿပိဳက်မႈျဖစ္ပြါးရာ လူႏွစ္ဦး အျပင္းအထန္ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ကေလးဝၿမိဳ႕နယ္မီးသတ္စခန္းမွ ကယ္ဆယ္ေရးေဆာင္႐ြက္ေပးခဲ့သည့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားထံမွ သိရသည္။
" ခရီးသြားအမ်ိဳးသားနဲ႔ အမ်ိဳးသမီး ၂ဦး ေတာင္ၿပိဳတာပိၿပီး ထိခိုက္ဒဏ္ရာရခဲ့တယ္၊ သူတို႔ႏွစ္ဦးမွာ တစ္ဦးကဒဏ္ရာက အေျခအေနေတာ္ေတာ္ဆိုးတယ္၊ ခုေဆး႐ုံပို႔ေပးထားပါတယ္၊ ခု ကားလမ္းေတာ့ ျပန္ပြင့္သြားၿပီ" ဟု ကေလးဝၿမိဳ႕နယ္မီးသတ္စခန္းမွ ကယ္ဆယ္ေရးေဆာင္႐ြက္ေပးခဲ့သည့္ မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးက ဆင္ဟြာသို႔ေျပာၾကားသည္။
အဆိုပါ ေတာ့က်င္ေတာင္ေပၚမွာ ေက်ာက္တုံးႀကီးမ်ားသည္ ကားလမ္းမေပၚသို႔ ၿပိဳက်ခဲ့သျဖင့္ ကေလးဝၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားျဖင့္ ပူးေပါင္း၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ႏွင့္ ခရီးသြားျပည္သူ ၂ဦးထိခိုက္ဒဏ္ရာရရွိသျဖင့္ ကေလးဝၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ယင္းေတာင္ၿပိဳမႈ ေၾကာင့္ လမ္းပိတ္ဆိုမႈခတၱျဖစ္ပြားခဲ့ၿပီး ယေန႔ ည ၈နာရီတြင္ လမ္းရွင္းလင္းေရးလုပ္ငန္းေဆာင္႐ြက္မႈၿပီးစီးသျဖင့္ ကားလမ္းျပန္လည္အသုံးျပဳႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။ (Xinhua)

Read times
Rate this item
(0 votes)