Local Industry



YBS ယာဉ်လိုင်းများ ဇွန်လ တွင် ၇၅ ရာခိုင်နှုန်းအထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

ရန်ကိုန်မြို့တွင် လုပ်ငန်းများ၊ ကုမ္ပဏီများ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်သည့် အတွက်

ဇွန်လတွင် YBS ယာဉ်အစီးရေ၇၅ ရာခိုင်နှုန်း အထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်ဦးရေမှာ ၃ ပုံ ၁ အထိစီးနင်းသူရှိလာပြီဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ဆင်ဟွာကို ဇွန် ၁၃ ရက် တွင်ပြောသည်။ 

COVID-19 မတိုင်မီကာလ ပုံမှန်အခြေအနေမှာ အရင်က နေ့စဉ် ကားပေါင်း ၄၅၀၀ ကျော်ပြေးဆွဲပေးခဲ့ပြီး၊ အခုဆိုရင် နေ့စဉ် ကားစီးရေ ၃၇၀၀ ဝန်းကျင်ပြန်လည်ပြေးဆွဲပေးနေပါကြောင်း၊ ကားစီးရေ ၇၅ ရာခိုင်နှုန်းမှာ စီးသူဦးရေ ၃ ပုံ ၁ ပုံ ပဲ ရှိတဲ့အတွက် ယာဉ်လိုင်းတွေ က တွက်ချေမကိုက်တာတွေရှိကြောင်း၊ ဒါကြောင့် တတ်နိုင်သမျှ ဖြေလျှော့မှုတွေ ဆောင်ရွက်ပေးနေကြောင်းဒေါက်တာမောင်အောင်ကပြောသည်။
ဇွန် ၁၂ ရက်တွင် YBS ပြေးဆွဲလမ်းကြောင်းပေါင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃,၆၅၆) စီးဖြင့် ခရီးသည် (၇၆၅,၃၅၂) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါကာလမတိုင်ခင် ဘတ်(စ်)ကားတစ်စီးလျှင် ခရီးသည်စီးနင်းမှုနှုန်း နေ့စဉ် ၅၀၀ ခန့်ရှိပြီး မတ်လကုန်ပိုင်းနှင့် ဧပြီလရုံးပိတ် ရက်ကာလများတွင် လူဦးရေ ၇၀ မှ ၁၀၀ ခန့်ရှိ ကြောင်း၊ မေလပိုင်းတွင် ၂၀၀ မှ ၃၀၀ ခန့်အထိရှိပြီး ယခုအခါ ၃၀၀ မှ ၄၀၀ ခန့်အထိ စီးနင်းလာကြောင်း သိရသည်။
(Xinhua)

YBS ယာဥ္လိုင္းမ်ား ဇြန္လ တြင္ ၇၅ ရာခိုင္ႏႈန္းအထိ ျပန္လည္ေျပးဆြဲေပးလ်က္ရွိ

ရန္ကိုန္ၿမိဳ႕တြင္ လုပ္ငန္းမ်ား၊ ကုမၸဏီမ်ား ျပန္လည္ဖြင့္လွစ္လာၿပီျဖစ္သည့္ အတြက္ ဇြန္လတြင္ YBS ယာဥ္အစီးေရ၇၅ ရာခိုင္ႏႈန္း အထိ ျပန္လည္ေျပးဆြဲေပးလ်က္ရွိၿပီး YBS စီးနင္းသည့္ ခရီးသည္ဦးေရမွာ ၃ ပုံ ၁ အထိစီးနင္းသူရွိလာၿပီျဖစ္ေၾကာင္းရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕(YRTA) မွ အတြင္းေရးမႉး ေဒါက္တာေမာင္ေအာင္ ဆင္ဟြာကို ဇြန္ ၁၃ ရက္ တြင္ေျပာသည္။
COVID-19 မတိုင္မီကာလ ပုံမွန္အေျခအေနမွာ အရင္က ေန႔စဥ္ ကားေပါင္း ၄၅၀၀ ေက်ာ္ေျပးဆြဲေပးခဲ့ၿပီး၊ အခုဆိုရင္ ေန႔စဥ္ ကားစီးေရ ၃၇၀၀ ဝန္းက်င္ျပန္လည္ေျပးဆြဲေပးေနပါေၾကာင္း၊ ကားစီးေရ ၇၅ ရာခိုင္ႏႈန္းမွာ စီးသူဦးေရ ၃ ပုံ ၁ ပုံ ပဲ ရွိတဲ့အတြက္ ယာဥ္လိုင္းေတြ က တြက္ေခ်မကိုက္တာေတြရွိေၾကာင္း၊ ဒါေၾကာင့္ တတ္ႏိုင္သမွ် ေျဖေလွ်ာ့မႈေတြ ေဆာင္႐ြက္ေပးေနေၾကာင္းေဒါက္တာေမာင္ေအာင္ကေျပာသည္။
ဇြန္ ၁၂ ရက္တြင္ YBS ေျပးဆြဲလမ္းေၾကာင္းေပါင္း (၁၂၆) လိုင္းမွ ေမာ္ေတာ္ယာဥ္စီးေရ (၃,၆၅၆) စီးျဖင့္ ခရီးသည္ (၇၆၅,၃၅၂) ဦးကို သယ္ယူပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
COVID-19 ေရာဂါကာလမတိုင္ခင္ ဘတ္(စ္)ကားတစ္စီးလွ်င္ ခရီးသည္စီးနင္းမႈႏႈန္း ေန႔စဥ္ ၅၀၀ ခန႔္ရွိၿပီး မတ္လကုန္ပိုင္းႏွင့္ ဧၿပီလ႐ုံးပိတ္ ရက္ကာလမ်ားတြင္ လူဦးေရ ၇၀ မွ ၁၀၀ ခန႔္ရွိ ေၾကာင္း၊ ေမလပိုင္းတြင္ ၂၀၀ မွ ၃၀၀ ခန႔္အထိရွိၿပီး ယခုအခါ ၃၀၀ မွ ၄၀၀ ခန႔္အထိ စီးနင္းလာေၾကာင္း သိရသည္။
(Xinhua)

Read times
Rate this item
(0 votes)