Local Industry



JJ Express မှ ပြေးဆွဲမည့် နံရံအကာပါ အဝေးပြေးကား ခရီးစဉ်နှင့် လက်မှတ်ဈေးနှုန်း

JJ Express အဝေးပြေးယာဉ်လိုင်း သည် ကိုဗစ်ကာလအတွင်း ခရီးသွားတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်

သီးသန့်ထိုင်ခုံနဲ့ အရံအတားတွေ ပြုလုပ်ကာ ရန်ကုန် – မန္တလေး ခရီးစဉ်တွေကို ဇွန် ၁၅ ရက်နေ့ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ရေး အရံအတားတွေကို ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီက ဆောင်ရွက်ပေးတာဖြစ်ပြီး

 ရိုးရိုး အရံအတားယာဉ်ဖြစ်ပါက ၁ ဦးကို ၁၆၈၀၀ ကျပ်၊ 

သီးသန့်ထိုင်ခုံနဲ့ အခန်းဖွဲ့ထားတဲ့ အရံအတား (အထူးယာဉ်) ဆိုပါက

၂၉၈၀၀ ကျပ်ကျသင့်မယ်လို့ သိရပါတယ်။

JJ Express ဥက္ကဌ ဦးမြင့်ဦးက “ခရီးသည်တွေ ကိုဗစ် ဘေးကင်းစေဖို့အတွက် ဖြစ်ပါတယ်။ယာဉ် ၈စီးကို အရံအတားတွေ လုပ်ထားပြီးပါပြီ” ဟု  ပြောပါသည်။

အရံအတားများကို ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီက ဆောင်ရွက်ပေးခြင်းဖြစ်ကာ ဇွန် ၁၅ရက်နေ့မှစပြီး ရန်ကုန်-မန္တလေးခရီးစဉ်အား အဆိုပါ ယာဉ်များဖြင့် ပြေးဆွဲမည်ဟု JJ Express ဥက္ကဌကပြောပြသည်။

zawgyi

JJ Express မှ ပြေးဆွဲမည့် နံရံအကာပါ အဝေးပြေးကားများ

jj1

jj2

 

 




Read times
Rate this item
(6 votes)