Local Industry



YBS ယာဉ်လိုင်းများ ပြန်လည်တိုးချဲ့ ပြေးဆွဲမည့်

ကိုဗစ်-၁၉ရောဂါကာလအတွင်း ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးနှင့် YBSယာဉ်အစီးရေ များ နေ့စဉ်မပြတ် တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ သိရ သည်။

 

"ယာဉ်အစီးရေကတော့ အမြဲတိုးပြီး ပြေးဆွဲ ပေးနေပါတယ်။ ခရီးသည်စီးနင်းမှုများတာကတော့ ရုံးတက်ရုံးဆင်းချိန်ပါ။ အဲဒီလိုအချိန်တွေမှာတော့ ကိုဗစ်-၁၉ရောဂါ social Distancing အတွက် အခက်အခဲဖြစ်နေပါသေးတယ်။ နေလယ်နေ့ခင်းနဲ့ ကျန်တဲ့အချိန်တွေမှာတော့ အဆင်ပြေပါတယ်" ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပြသည်။

 

ယခင်က ယာဉ်အစီးရေ ပုံမှန် ၄၅၀၀ ဝန်းကျင် ခန့်ဖြင့် ပြေးဆွဲပေးလျက်ရှိသော အများပြည်သူ သယ်ယူပို့ဆောင်ရေး YBS ယာဉ်များသည် ကိုဗစ်၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယာဉ်အစီးရေ ပြေးဆွဲမှု လျော့နည်းခဲ့သော်လည်း ဇွန် ၉ ရက်တွင် ၁၂၆ လိုင်းမှ မော်တော်ယာဉ်စီးရေ ၃၆၀၇ စီးဖြင့်  ခရီးသည် ၈၃၈၂၉၇ ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း၊ YRTA ၏ ပြောကြားချက်အရ သိရသည်။

 

ခရီးသည်စီးနင်းမှုနှင့်ပတ်သက်၍ YBS ၂၁၊ ၃၉၊ ၄၁ ယာဉ်လိုင်းများ ပြေးဆွဲနေသည့် ပါဝါအလဲဗင်း ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက "ခရီးသည်က ကိန်းဂဏန်းတွေဆို တိုးလာတယ်။ ကားအစီးရေက လိုက်ပို့လိုတာပေါ့။ ကားအစီး ရေကလိုက်မယ့် သဘောသဘာဝတော့ရှိတယ်။ ချက်ချင်းခရီးသည်တိုးတာက အချက်အလက်က ကြိုမရဘူး။ ခရီးသည်တိုးလာရင်တော့ ကားက တိုးလာမှာပါ" ဟု ပြောပြသည်။

 

ကိုဗစ်-၁၉ ရောဂါကာလမတိုင်ခင် ဘတ်(စ်) ကားတစ်စီးလျှင် ခရီးသည်စီးနင်းမှုနှုန်း နေ့စဉ် ၅၀၀ ခန့်ရှိပြီး မတ်လကုန်ပိုင်းနှင့် ဧပြီလရုံးပိတ် ရက်ကာလများတွင် လူဦးရေ ၇၀ မှ ၁၀၀ ခန့်ရှိ ကြောင်း၊ မေလပိုင်းတွင် ၂၀၀ မှ ၃၀၀ ခန့်အထိရှိပြီး ယခုအခါ ၃၀၀ မှ ၄၀၀ ခန့်အထိ စီးနင်းလာကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

 

ထိုသို့ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် ယာဉ်လိုင်းများ ပုံမှန်ထွက်ရှိနိုင်ရန် လုပ်ငန်။ ရှင်များအနေဖြင့် အလုပ်ကိုအကျိုးအမြတ်မကြည့် ဘဲ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးသည့် အနေဖြင့် အလုပ်များကို လည်ပတ်သင့်ကြောင်း ဦးသက်တင်ဝင်းက တိုက်တွန်းပြောကြားသည်။

 

The Mirror Daily

Read times
Rate this item
(0 votes)