Local Industry



မေလအတွင်း ကားတင်သင်္ဘော လေးစင်း ဆိုက်ကပ်ခဲ့ပြီး ကား ၄၄၈ စီး ကမ်းချ

မေလအတွင်း ကားတင်သင်္ဘော လေးစင်း ဆိုက်ကပ်ခဲ့ပြီး ကား ၄၄၈ စီး ကမ်းချ google

ယခုနှစ် မေလအတွင်း ကားတင် သင်္ဘော လေးစင်း ဆိုက်ကပ်ခဲ့ပြီး ကား ၄၄၈ စီး ကမ်းချခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှစ၍ ဂျပန်ညာမောင်းကားများ တင်သွင်း ခွင့် မရှိတော့သလို ရန်ကုန်လိုင်စင် ဖြင့် ကားဝယ်ယူ အသုံးပြုခွင့်မူဝါဒ လည်း ထွက်ပေါ်မလာသေးသည့် အတွက် ပြည်ပမှ ကားတင်သွင်း မှုမှာ ယခင်နှစ်များထက် သိသိ သာသာ လျော့နည်းသွားခဲ့သည်။

 

ပြီးခဲ့တဲ့နှစ်ကစပြီး ဘယ် မောင်းကားတွေကိုပဲ တင်သွင်းခွင့် ပေးတဲ့အတွက် ပြည်ပကနေ ကား တင်သွင်းမှုက သိသိသာသာလျော့ နည်းသွားပါတယ်၊ နောက်ပြီး မို ဒယ်မြင့်ကားတွေကိုပဲ တင်သွင်းခွင့် ပေးတဲ့အတွက်လည်း ကားတင်သွင်း တဲ့သူ နည်းသွားပါတယ်၊ ဒီနှစ် မေလထဲမှာ ကားတင်သင်္ဘော လေးစင်း ဆိုက်ကပ်ခဲ့ပြီး ကား ၄၄၈ စီး ကမ်းချခဲ့ပါတယ်ဟု မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်(ကိုယ်စား လှယ် လုပ်ငန်းဌာန)မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

၂၀၁၈ ခုနှစ်အတွင်း ကား တင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်ခဲ့ ပြီး ကားအစီး ၃၀,၂၃၅ စီး ကမ်းချ ခဲ့ရာတွင် ဇန်န၀ါရီလ၌ သင်္ဘော ခုနစ်စင်းမှ ကား ၅,၁၄၇ စီး၊ ဖေ ဖော်ဝါရီလတွင် သင်္ဘော ရှစ်စင်းမှ ကား ၆,၂၀၇ စီး၊ မတ်လ၌ သင်္ဘော ရှစ်စင်းမှ ကား ၅,၇၈၄ စီး၊ ဧပြီလတွင် သင်္ဘော လေး စင်းမှ ကား ၃,၃၅၃ စီး၊ မေလ၌ သင်္ဘော လေးစင်းမှ ကား ၂,၀၀၇ စီး၊ ဇွန်လတွင် သင်္ဘော ငါးစင်းမှ ကား ၃,၄၁၈ စီး၊ ဇူလိုင်လ၌ သင်္ဘော သုံးစင်းမှ ကားအစီး ၅၈၀၊ သြဂုတ်လတွင် သင်္ဘော လေးစင်းမှ ကား ၇၄၂ စီး၊ စက် တင်ဘာလ၌ သင်္ဘော သုံးစင်းမှ ကားအစီး ၁,၁၄၀၊ အောက်တိုဘာ လတွင် သင်္ဘော နှစ်စင်းမှ ကား ၅၁၃ စီး၊ နိုဝင်ဘာလ၌ သင်္ဘော သုံးစင်းမှ ကား ၆၇၆ စီးနှင့် ဒီဇင် ဘာလတွင် သင်္ဘော လေးစင်းမှ ကား ၆၆၈ စီးတို့ ကမ်းချခဲ့သည်။

 

ယခုနှစ်အတွင်း ဇန်န၀ါရီလ၌ သင်္ဘော နှစ်စင်းမှ ကား ၄၉၈ စီး၊ ဖေဖော်ဝါရီလ၌ သင်္ဘော နှစ်စင်းမှ ကား ၅၅၇ စီး၊ မတ်လ၌ သင်္ဘော သုံးစင်းမှ ကား ၅၅၈ စီး၊ ဧပြီလ၌ သင်္ဘော နှစ်စင်းမှ ကား ၄၀၉ စီး နှင့် မေလ၌ သင်္ဘော လေးစင်းမှ ကား ၄၄၈ စီးတို့ ကမ်းချခဲ့ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read 64 times
Rate this item
(1 Vote)