Local Industry



DFM Myanmar မှ မိုးရာသီ ပရိုမိုးရှင်းအစီအစဉ်ဖြင့် ကားအမျိုးအစား ၁၃ မျိုးကို ဈေးလျှော့ရောင်းချ

DFM Myanmar မှ မိုးရာသီ ပရိုမိုးရှင်းအစီအစဉ်ဖြင့် ကားအမျိုးအစား ၁၃ မျိုးကို ဈေးလျှော့ရောင်းချ facebook

DFM Myanmar မှ မိုးရာသီပရိုမိုး ရှင်းအစီအစဉ်ဖြင့် ကားအမျိုးအစား ၁၃ မျိုးကို ဈေးလျှော့ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

DFM Myanmar မှ AX7 ၊ S370 ၊ H30 Cross ၊ New S30 ၊ U-Vane ၊ C37 ၊ Succe ၊ RICH ၊ K01 ၊ Oting ၊ K05 ၊ K07 နှင့် K01H တို့ကို ယခုလ ကုန်အထိ အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်သည်။

 

AX7 သည် ၂၀၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထား သော ငါးယောက်စီး SUV ဖြစ် သည်။ S370 သည် ၁၅၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထား သော ခုနစ်ယောက်စီး MPV ဖြစ် သည်။ H30 Cross သည် ၁၆၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထား သော Hatchback ဖြစ်သည်။ New S30 သည် ၁၆၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထား သော Sedan ဖြစ်သည်။ U-Vane သည် ၂၅၀၀ စီစီ ဒီဇယ်အင်ဂျင် တပ်ဆင်ထားသော ၁၇ ယောက်စီး ဖြစ်သည်။ C37 သည် ၁၅၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော ၁၀ ယောက်စီး MPV ဖြစ်သည်။ Succe သည် ၂၀၀၀ စီစီ ဓာတ် ဆီအင်ဂျင် တပ်ဆင်ထားသော ခုနစ် ယောက်စီး MPV ဖြစ်သည်။ RICH သည် ၃၀၀၀ စီစီ ဒီဇယ်အင်ဂျင် တပ်ဆင်ထားသော 4WD Pick-up ဖြစ်သည်။ K01 သည် ၁၁၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထား သော Mini Box Truck ဖြစ်သည်။ Oting သည် ၂၅၀၀ စီစီ ဒီဇယ် အင်ဂျင်တပ်ဆင်ထားသော Wagon ဖြစ်သည်။ K05 သည် ၁၁၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော Delivery Van ဖြစ်သည်။ K07 သည် ၁၁၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော Delivery Van ဖြစ်သည်။ K01H သည် ၁၁၀၀ စီစီ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထား သော Mini Truck ဖြစ်သည်။

 

DFM Myanmar မှ အထူး လျှော့ဈေးအဖြစ် ရောင်းချပေးရာ တွင် AX7 ကို ရန်ကုန်လိုင်စင်ဖြင့် ကျပ်သိန်း ၄၂၀၊ S370 ကို ကျပ် ၂၉၉ သိန်း၊ H30 Cross ကို ကျပ် ၁၉၅ သိန်း၊ New S30 ကို ကျပ်သိန်း ၁၈၀၊ U-Vane ကို ကျပ် ၂၈၈ သိန်း၊ C37 ကို ကျပ် သိန်း ၁၈၀၊ Succe ကို ကျပ်သိန်း ၂၃၀၊ RICH ကို ကျပ် ၁၇၈ သိန်း၊ K01 ကို ကျပ် ၉၄ သိန်း၊ Oting ကို ကျပ်သိန်း ၃၃၀၊ K05 ကို ကျပ် ၁၁၈ သိန်း၊ K07 ကို ကျပ်သိန်း ၁၂၀ နှင့် K01H ကို ကျပ်သိန်း ၁၃၀ စသဖြင့် ဈေးနှုန်းများ သတ် မှတ်ထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)