Local Industry



တစ်ပတ်အတွင်းအရောင်းဆုံးကားဈေးနှုန်းများ

ဇွန်လဆန်း ကားဈေးကွက်သည် ယခင်လများထက် ပိုကောင်းလာပြီး နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီ ကားများအပြင် အင်ဂျင်ပါဝါအမြင့်ကားများလည်း အရောင်းအဝယ် ပြန်ကောင်းလာသည်။

 

ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့် Suzuki New Ertiga မှာ ဈေးကွက် လိုအပ်ချက်အတိုင်း တိုးမြင့်မထုတ်လုပ်နိုင်သေးသဖြင့် အဝယ်အများစုမှာ နံပါတ်ထွက်ပြီးသား ညာမောင်းကားများကိုသာ ဝယ်ယူမှုများနေသည်။ ရန်ကုန်လိုင်စင် ၁၃၀၀ စီစီ ရောင်းကားရှားနေချိန်တွင် ဈေးကွက်အကြိုက်ဖြစ်သည့် Honda Fit ၊ Fit Shuttle ၊ Toyota Axio ၊ Toyota Vitz ၊ Toyota Probox ၊ Honda Fit GK3 တို့မှာ တက်ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ အင်ဂျင်ပါဝါမြင့် ကားထဲမှလည်း Vanguard ၊ CRV ၊ Harrier ၊ Land Cruiser စသည့် ကားများ အရောင်းအဝယ် ပြန်ဖြစ်လာသည်။ ကားဈေးကွက် ပြန်လည်လှုပ်ခတ်လာသော်လည်း Consignment လက်ကျန်ကားများနှင့် CBU ဖြင့် တင်သွင်းထားသော Brand New ကားများမှာ အရောင်းအဝယ် အေးနေသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 6Q/2002 နှင့် HH/4017 သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

31.5.2019 မှ 6.6.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

31-6.PNG

 

31-6_ss.PNG

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)