Local Industry



၂၀၁၉ မိုဒယ် Toyota Hiace Commuter ကို ပြည်တွင်းဈေးကွက်အတွင်း စတင်ရောင်းချ

၂၀၁၉ မိုဒယ် Toyota Hiace Commuter ကို ပြည်တွင်းဈေးကွက်အတွင်း စတင်ရောင်းချ google

Toyota မှ ၂၀၁၉ မိုဒယ် Hiace Commuter ကို ပြည်တွင်းဈေး ကွက်အတွင်း စတင်ရောင်းချနေပြီ ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ မိုဒယ် Hiace Commuter သည် ၁၄ ယောက်စီး Mini Bus အမျိုးအစားဖြစ်ပြီး 2.8L 1GD-FTV Diesel Engine 6-Speed (Auto/Manual) တပ် ဆင် အသုံးပြုထားသည်။ Hiace ၏ ခြောက်ခုမြောက်မျိုးဆက်အဖြစ် အသစ် ထုတ်လုပ်ခြင်းဖြစ်ပြီး ယခင်မိုဒယ် ကားဒီဇိုင်းကို ပြောင်း လဲ၍ ကားအရှေ့ဘက် ဘမ်ပါ အောက်၌ အင်ဂျင်ကို ပြောင်းလဲ တပ်ဆင်ထားသည်။ ကားအရှေ့ မီးကြီးများကို Daytime Running Light များ တပ်ဆင်ထားပြီး Fog Lamp လည်း တပ်ဆင်ပေးထား သည်။ ကားအတွင်းခန်းတွင် Leather Seat ၊ 7-inch Display နှင့် Audio အတွက် AM ၊ FM ၊ USB ၊ CD ၊ DVD ၊ AUX တို့ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပြီး Speaker ခြောက်လုံး ပါဝင်သည်။

 

စီးနင်းသူ လုံခြုံရေးအတွက် Airbag နှစ်လုံးပါဝင်သလို Anti Lock Brake System ၊ Vehicle Stability Control ၊ Hill Start Assist Control ၊ Parking Assist ၊ Excellent Driving Visibility စနစ်များ ပါဝင်သည်။

 

“Hiace Commuter ကား သစ်မှာ ဒီဇိုင်းပိုင်း၊ အင်ဂျင်ပိုင်းနဲ့ အတွင်းခန်းတွေကအစ အားလုံး ပြောင်းသွားပါတယ်၊ အရင်မိုဒယ် မှာ အင်ဂျင်ကို ကားအတွင်းခန်း ယာဉ်မောင်းထိုင်ခုံအောက်မှာ တပ် ဆင်တာဖြစ်ပြီး ကားသစ်မှာတော့ အသစ်ပါဝင်လာတဲ့ အရှေ့ဘက် ဘမ်ပါအောက်မှာ တပ်ဆင်ထား တဲ့အတွက် ကားအတွင်းခန်းမှာ ဆူညံသံ လျော့နည်းသွားပါတယ်၊ အင်ဂျင်ကိုလည်း 2.8L 1GD-FTV Diesel Engine ကို အသုံးပြု ထားတဲ့အတွက် ဆွဲအားရုန်းအား ကောင်းပြီး ဆီစားနှုန်းလည်း ပို သက်သာသွားပါတယ်”ဟု Toyota Myanamr မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၂၀၁၉ မိုဒယ် Hiace Commuter Manual Gear ကို အမေရိကန်ဒေါ်လာ ၄၃,၉၀၀ နှင့် Hiace Commuter Auto Gear ကို အမေရိကန်ဒေါ်လာ ၄၄,၉၀၀ ဖြင့် ရောင်းချပေးနေပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)