Local Industry



ပြင်ဦးလွင်ခရိုင် ကညန ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း ဒဏ်ကြေးကင်းလွတ်ခွင့်

ပြင်ဦးလွင်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကိုCOVID-19 ရောဂါ ကြိုတင်ကာကွယ်ရန်နှင့်

ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် မတ်လ ၃၀ ရက်နေ့မှစတင်ရပ်နားထားခဲ့ရာ ယခုဇွန်လ ၈ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင်ရန် ကျန်းမာရေးနှင့်အညီပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။

ပြင်ဦးလွင်မှ မိဘပြည်သူများအနေဖြင့် မော်တော်ယာဉ် ‌၊မော်တော်ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစားအားလုံးအတွက် ဝန်ဆောင်မှုရပ်ဆိုင်းထားသည့်ကာလအတွင်း ဒဏ်ကြေးကင်းလွတ်ခွင့်ကို အောက်ပါအတိုင်း ရရှိမည်ဖြစ်ပါသည် ။
မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ
=========
၃/၂၀၂၀ လနှင့် ၄/၂၀၂၀ လအတွင်း လိုင်စင်သက်တမ်းကုန်ဆုံးသူများအနေဖြင့် ၈.၆.၂၀၂၀ ရက်နေ့မှ ၃၁.၇.၂၀၂၀ ရက်နေ့အတွင်း ၊
၅/၂၀၂၀ လတွင် လိုင်စင်သက်တမ်းကုန်ဆုံးသူများအနေဖြင့် ၈.၆.၂၀၂၀ ရက်နေ့မှ ၃၁.၈.၂၀၂၀ ရက်နေ့အတွင်း၊
၆/၂၀၂၀ လတွင် လိုင်စင်သက်တမ်းကုန်ဆုံးသူများအနေဖြင့် ၈.၆.၂၀၂၀ ရက်နေ့မှ ၃၀.၉.၂၀၂၀ ရက်နေ့ အတွင်း လိုင်စင်သက်တမ်းတိုးလာရောက်ဆောင်ရွက်ပါက ဒဏ်ကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။

သက်မှတ်ရက်ကျော်လွန်မှသက်တမ်းတိုးလာရောက်ဆောင်ရွက်ပါက ဒဏ်ကြေးပေးဆောင်ရပါမည်။ အသေးစိတ်သိရှိလိုပါက rtad.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

 

ယာဉ်မောင်းလိုင်စင်(အမျိုးအစားအားလုံးအတွက်)
=======
၃၀.၃.၂၀၂၀ မှ ၃၀.၄.၂၀၂၀ နေ့ထိ လိုင်စင်သက်တမ်းပြည့်သူများအနေဖြင့် ၈.၆.၂၀၂၀ မှ ၃၁.၇.၂၀၂၀ အတွင်း
၁.၅.၂၀၂၀ မှ ၃၁.၅.၂၀၂၀‌ နေ့ထိလိုင်စင်သက်တမ်း ပြည့်သူများအနေဖြင့် ၈.၆.၂၀၂၀ မှ ၃၁.၈.၂၀၂၀ အတွင်း
၁.၆.၂၀၂၀ မှ ၃၀.၆.၂၀၂၀ နေ့ထိလိုင်စင်သက်တမ်း ပြည့်သူများအနေဖြင့် ၁.၈.၂၀၂၀ မှ ၃၀.၉.၂၀၂၀ အတွင်း လိုင်စင်သက်တမ်းတိုးလာရောက်ဆောင်ရွက်ပါက ဒဏ်ကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။

သက်မှတ်ရက်ကျော်လွန်မှသက်တမ်းတိုးလာရောက်ဆောင်ရွက်ပါက ဒဏ်ကြေးပေးဆောင်ရပါမည်။ အသေးစိတ်သိရှိလိုပါက rtad.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

 

 

ZAWGYI


=========


=======


Read times
Rate this item
(0 votes)