Local Industry



ကုမ္ပဏီလိုင်စင်ဖြင့် တစ်တန်အောက် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခြင်းကို တစ်လလျှင် တစ်စီးသာ ခွင့်ပြုမည်

ကုမ္ပဏီလိုင်စင်ဖြင့် တစ်တန်အောက် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခြင်းကို တစ်လလျှင် တစ်စီးသာ ခွင့်ပြုမည် google

ကုမ္ပဏီလိုင်စင်ဖြင့် တစ်တန် အောက် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခြင်းကို တစ်လ တစ်စီးသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

 

ယခင်က ကုမ်္ပဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ် တင်သွင်းခြင်းကို တန်ဖြင့် ခွဲခြားကာ တစ်ရက်လျှင် တစ်စီးမှ ငါးစီးအထိ ပါမစ်လျှောက် ခွင့်ပြုခဲ့သည်။ သို့သော် မေ ၂၀ ရက်မှစ၍ တန်ဖြင့်သာမက ယာဉ် အမျိုးအစားဖြင့်လည်း ခွဲခြားပြီး တစ်လ တစ်စီးမှစ၍ တစ်ပတ်လျှင် အစီး ငါးဆယ်အထိ တင်သွင်းခွင့် ပြုမည် ဖြစ်သည်။

 

ကုမ္ပဏီလိုင်စင်နဲ့ လုပ်ငန်း သုံးကား တင်သွင်းမှုကို ဖြေလျှော့ ပေးတဲ့အနေနဲ့ အရင်က သုံးတန် အောက်ယာဉ်တွေဆိုရင် ပါမစ် တစ်စောင်ကို တစ်စီး၊ သုံးတန်ခွဲအ ထက်ယာဉ်တွေဆိုရင် ပါမစ်တစ် စောင်ကို ငါးစီးနှုန်းနဲ့ နေ့စဉ် လျှောက် ထားခွင့် ပြုခဲ့ပါတယ်၊ ဒါပေမဲ့ ကုမ္ပဏီ လိုင်စင်နဲ့ လုပ်ငန်းသုံးယာဉ် ပါမစ် လျှောက်တာတွေ ဖောင်းပွမှု မရှိ စေချင်တဲ့အတွက် မေ ၂၀ ရက်က စပြီး တန်အပြင် ယာဉ်အမျိုး အစားနဲ့ပါ ခွဲခြားပြီး တစ်လ တစ်စီး ကနေ တစ်ပတ် အစီး ငါးဆယ် အထိ ပါမစ်လျှောက်ထားခွင့်ပေးမှာ ဖြစ်ပါတယ်၊ တစ်တန်နဲ့အောက် လုပ်ငန်းသုံး ယာဉ်တွေကိုတော့ တစ်လတစ်စီးပဲ ခွင့်ပြုပေးမှာ ဖြစ် ပါတယ်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်း သုံးယာဉ်များ တင်သွင်းရာတွင် တစ် တန်အောက် လုပ်ငန်းသုံးယာဉ် (Pick-up ၊ Delivery Van)များ ကို တစ်လ တစ်စီး၊ တစ်တန်နှင့် သုံးတန်ကြား လုပ်ငန်းသုံးယာဉ် (Light Truck ၊ Box Truck ၊ Freezer Box Truck)များကို တစ်ပတ် ငါးစီး၊ သုံးတန်မှ ငါး တန်အထိ လုပ်ငန်းသုံးယာဉ်များကို တစ်ပတ် ငါးစီး၊ Bus များကို တစ်ပတ် ငါးစီး၊ ယန္တရားများကို တစ်ပတ် ငါးစီး၊ Trailer များကို တစ်ပတ် ငါးစီးနှင့် သုံးဘီးယာဉ်များ ကို တစ်ပတ် အစီး ငါးဆယ် တင် သွင်းခွင့်ပြုမည် ဖြစ်သည်။

 

ကြေညာချက် အသစ်အရ မေ ၂၀ ရက်မှစ၍ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်/ ယန္တရားများ တင်သွင်းခွင့် လျှောက်ထားပါက ကုမ္ပဏီသက်တမ်း တစ်နှစ်ပြည့်မှ သာ ခွင့်ပြုပေးမည်ဖြစ်ပြီး ငါးတန် နှင့်အထက် လုပ်ငန်းသုံးယာဉ်နှင့် City Bus ၊ Express များ တင် သွင်းခြင်းအတွက် ရန်ကုန်တိုင်းဒေ သကြီးလိပ်စာဖြင့် ခွင့်ပြုမည်ဖြစ်ပြီး ကျန်မော်တော်ယာဉ်များကို ကျန် တိုင်းဒေသကြီး၊ ပြည်နယ်လိပ်စာ များဖြင့်သာ ခွင့်ပြုမည် ဖြစ်သည်။

 

 

Credit; Automobile Journal

Read times
Rate this item
(0 votes)