Local Industry



Mitsubishi Motor Myanmar မှ ASX ၊ L200 Double Cab နှင့် Attrage တို့ကို အထူးလျှော့ဈေးများဖြင့် ရောင်းချမည်

Mitsubishi Motor Myanmar မှ ASX ၊ L200 Double Cab နှင့် Attrage တို့ကို အထူးလျှော့ဈေးများဖြင့် ရောင်းချမည် google

Mitsubishi Motor Myanmar မှ ASX ၊ L200 Double Cab(Auto) နှင့် Attrage တို့ကို အထူးလျှော့ဈေးများဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

ဇွန် ၈ ရက်မှ ဇူလိုင်လကုန် အထိ Mitsubishi Brand New ကားများထဲမှ ASX ၊ L200 Double Cab(Auto) နှင့် Attrage တို့ကို အထူးလျှော့ဈေးများဖြင့် ရောင်းချ မည် ဖြစ်သည်။ ထို့ပြင် Eagle Brother Automobile Service ဖွင့်ပွဲတွင် Mitsubishi Motor Myanmar မှ ပူးပေါင်း ပါဝင်မှုအဖြစ် ထိုကားအမျိုးအစား သုံးမျိုးကို အထူးလျှော့ဈေးဖြင့် ပြသရောင်းချ ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဇွန် ၈ ရက်မှ ဖွင့်လှစ်မယ့် Eagle Brother Automobile Service ဖွင့်ပွဲမှာ Mitsubishi Motor Myanmar ကနေ ပူးပေါင်း ပါဝင်မှုအနေနဲ့ ASX ၊ L200 Double Cab(Auto) နဲ့ Attrage တို့ကို အထူးလျှော့ဈေးနဲ့ ပြသရောင်းချ မှာ ဖြစ်ပါတယ်၊ ဖွင့်ပွဲတက်ရောက် သူတွေအတွက် Garuda Lubricant ကို ပစ္စည်းဖိုး၊ လက်ခအခမဲ့ လက်ဆောင်တွေလည်း ပေးမှာ ဖြစ်ပါတယ်၊ အထူးလျှော့ဈေး အစီ အစဉ်နဲ့ ကားဝယ်ချင်တဲ့သူတွေ အတွက် အရောင်းပြခန်းမှာ ၀ယ် မယ်ဆိုရင် ဇူလိုင်လကုန်အထိ ရောင်း ချပေးဖို့ စီစဉ်ထားပါတယ်”ဟု Mitsubishi Motor Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Mitsubishi ASX သည် 2.0L16-Valve Inline-4 DOHC MIVEC Engine တပ်ဆင်ထား သော ငါးယောက်စီး SUV ကား အမျိုးအစားဖြစ်သည်။ Mitsubishi Attrage သည် 1.2L 12 Valve 3-cylinder DOHC MIVEC Engine တပ်ဆင်ထားသော ငါး ယောက်စီး Compact Sedan ကားအမျိုးအစား ဖြစ်သည်။ Mitsubishi L200 Double Cab(Auto) သည် 2.5L16-Valve DOHC Common Rail Di-D High power Engineတပ်ဆင်ထား သော လုပ်ငန်းသုံးကား ဖြစ်သည်။

 

Mitsubishi Motor Myanmar မှ Mitsubishi ASX ကို အမေရိကန်ဒေါ်လာ ၃၉,၉၀၀၊ Mitsubishi Attrage GLS ကို ကျပ် ၂၈၉ သိန်း၊ Mitsubishi L200 Double Cab(Auto) ကို အမေရိကန်ဒေါ်လာ ၃၉,၉၀၀ တို့ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)