Local Industry



Hyundai Motor Myanmar မှ ကားအမျိုးအစား လေးမျိုးကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချမည်

Hyundai Motor Myanmar မှ ကားအမျိုးအစား လေးမျိုးကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချမည် facebook

Hyundai Motor Myanmar မှ ကားအမျိုးအစား လေးမျိုးကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

Hyundai Motor Myanmar မှ ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် Grand i10 ၊ Accent ၊ Creta တို့နှင့် CBU ဖြင့် တင်သွင်းထားသော H1 စသည့် ကားများကို Road Show အထူးအစီအစဉ်ဖြင့် ရောင်းချမည် ဖြစ်သည်။ Hyundai Road Show ကို ဇွန် ၇ ရက်မှ ၉ ရက် အထိ Junction City တွင် ပြုလုပ် မည်ဖြစ်ပြီး Accent ၊ Creta တို့ကို ပြသရောင်းချမည် ဖြစ်သည်။ ဒုတိ ယပွဲအဖြစ် ဇွန် ၇ ရက်မှ ၉ ရက် အထိ Ocean Super Center (လှိုင်သာယာ)တွင် Grand i10 ၊ Accent ၊ Creta ၊ H1 တို့ကို ပြသရောင်းချမည် ဖြစ်သည်။

 

တတိ ယပွဲအဖြစ် ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ Myanmar Plazaတွင် Grand i10 ၊ Accent တို့ကို ပြသ ရောင်းချမည် ဖြစ်ပြီး စတုတ္ထပွဲအဖြစ် ဇွန် ၁၇ မှ ၁၉ ရက်အထိ Capital Shopping Center တွင် Grand i10 ၊ Accent ၊ Creta တို့ကို ပြသ ရောင်းချမည်ဖြစ်သည်။ ပဉ္စမ မြောက်ပွဲအဖြစ် ဇွန် ၁၉ မှ ၂၁ ရက်အထိ Junction Square တွင် Grand i10 ၊ Accent ၊ Creta တို့ကို ပြသရောင်းချမည် ဖြစ်သည်။

 

ဇွန်လထဲမှာ Hyundai Road Show ကို မတူညီတဲ့ နေရာ ငါးခုမှာ ကျင်းပမှာ ဖြစ်ပါတယ်၊ ကားအမျိုးအစား လေးမျိုးကို အထူး အစီအစဉ်တွေနဲ့ ရောင်း ပေးမှာ ဖြစ်ပါတယ်ဟု Hyundai Motor Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။Hyundai ကားအမျိုးအစား လေးမျိုးကို ရောင်းချရာတွင် Grand i10 ကို ကျပ် ၂၂၄ သိန်း၊ Creta ကို ကျပ် ၄၄၆ သိန်း၊ Accent ကို ကျပ် ၂၉၉ သိန်း၊ H1 ကို အမေရိကန်ဒေါ်လာ ၃၂,၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး သုံး နှစ်၊ သိုပမဟုတ် ကီလိုမီတာ တစ် သိန်း အာမခံပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)