Local Industry



Ford Myanmar မှ ရန်ကုန်လိုင်စင်ရရှိသော ကားသုံးမျိုးကို အထူးလျှော့ဈေးဖြင့် ရောင်းချမည်

Ford Myanmar မှ ရန်ကုန်လိုင်စင်ရရှိသော ကားသုံးမျိုးကို အထူးလျှော့ဈေးဖြင့် ရောင်းချမည် google

Ford Myanmar မှ ရန်ကုန်လိုင် စင်ရရှိသော Ford ကားအမျိုးအ စား သုံးမျိုးကို အထူးလျှော့ဈေးဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

Ford Myanmar မှ Moonsoon Season ပရိုမိုးရှင်းဖြင့် Ranger Double Cab XLT ၊ Ford New Everest Trend နှင့် Ford Ranger Rap Cab တို့ကို အထူးလျှော့ဈေးများဖြင့် ရောင်းချမည် ဖြစ်သည်။

 

Ranger Double Cab XLT သည် 3.2 L TDCi Turbo Diesel အင်ဂျင် တပ်ဆင် ထားသော Pick-up ကားဖြစ်သည်။ Ford New Everest Trend သည် 2.2 TDCi Turbo ဒီဇယ်အင်ဂျင် တပ်ဆင်ထားသော ခုနစ်ယောက်စီး SUV ကားအမျိုးအစား ဖြစ်ကာ Ford Ranger Rap Cab သည် 2.2L TDCi Turbo ပရီမီယမ်ဒီဇယ် အင်ဂျင် တပ်ဆင်ထားသော Pick-up ကားအမျိုးအစား ဖြစ်သည်။

 

“Ford Myanmar ကနေ Ford ကားအမျိုးအစားတွေထဲက Ranger Double Cab XLT ၊ Ford New Everest Trend နဲ့ Ford Ranger Rap Cab တို့ကို Moonsoon Season ပရိုမိုးရှင်းကာလမှာ အထူးလျှော့ ဈေးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်၊ အထူးလျှော့ဈေးတွေနဲ့ ရောင်းချ ပေးမယ့် ကားအမျိုးအစား သုံးမျိုး ကို ဇွန်လကုန်အထိ Ford Showroom တွေမှာလည်း ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်”ဟု Ford Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Ford Myanmar မှ အထူး လျှော့ဈေးဖြင့် ရောင်းချရာတွင် Ranger Double Cab XLT ကို အမေရိကန် ဒေါ်လာ ၃၆,၉၉၅၊ Ford New Everest Trend ကို အမေရိကန်ဒေါ်လာ ၄၉,၉၉၅ နှင့် Ford Ranger Rap Cab ကို အမေရိကန်ဒေါ်လာ ၂၈,၅၀၀ တို့ဖြင့် ရောင်းချပေးမည် ဖြစ်သည်။ ထို့ပြင် အထူးအစီအစဉ် အဖြစ် ထိုကားများကို ငါးနှစ် အာမခံနှင့် Unlimited Kilometer Warranty ပေးမည် ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)