Local Industry



ကျောင်းကားလုပ်ငန်းလုပ်ကိုင်သူများ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရန် ကျောင်းပိတ်ရာသီတွင် စင်းလုံးငှားကားအဖြစ် ပြေးဆွဲခွင့်ပြု

ကျောင်းကားလုပ်ငန်းလုပ်ကိုင်သူများ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရန် ကျောင်းပိတ်ရာသီတွင် စင်းလုံးငှားကားအဖြစ် ပြေးဆွဲခွင့်ပြု google

ကျောင်းကားလုပ်ငန်း လုပ်ကိုင်သူများ ပုံမှန်လုပ်ငန်းလည်ပတ်နိုင်ရန် ကျောင်းပိတ်ရာသီတွင် စင်းလုံးငှားကားအဖြစ် ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

လာမည့် ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်း ၂၂ ကျောင်းတွင် ရန်ကုန်လိုင်စင် ဘယ်မောင်းကားများဖြင့်သာ ပြေးဆွဲခွင့်ပြုတော့ မည်ဖြစ်ရာ ကျောင်းကားလုပ်ငန်း ရှင်များအနေဖြင့် ကားသစ်များဖြင့် ပြောင်းလဲပြေးဆွဲရန်အတွက် အရင်း အနှီး စိုက်ထုတ်ပြီး ကားများ မှာယူတင်သွင်းရမည် ဖြစ်သောကြောင့် လုပ်ငန်းရှင်များ အဆင်ပြေစေရန် ကျောင်းပိတ်ရာသီများ၌ စင်းလုံး ငှားယာဉ်အဖြစ် ပြေးဆွဲခွင့်ပြုမည် ဖြစ်သည်။

 

“လာမယ့်ပညာသင်နှစ်မှာ အခြေခံပညာ ၂၂ ကျောင်းမှာ ပြေးဆွဲတဲ့ ကျောင်းကားတွေကို ကျောင်းကားစံနှုန်း ၁၂ ချက်နဲ့ ကိုက်ညီမှ သာ ပြေးဆွဲခွင့်ပြုမှာ ဖြစ်ပါတယ်၊ ကားဟောင်းနဲ့ ကားသစ်တွေ လဲလှယ်ချိန်မှာ ကျောင်းကားလုပ်ငန်းရှင်တွေ လုပ်ငန်းဆက်ပြီး လည်ပတ်နိုင်ဖို့အတွက် ကားတင်သွင်းဖို့ ပေးထားတဲ့အချိန်သုံးလမှာ အရင်ကားဟောင်းတွေနဲ့ ပြေးဆွဲခွင့်ပေးမှာ ဖြစ်ပါတယ်၊ နောက်ပြီး ကျောင်းပိတ်ရာသီတွေမှာလည်း စင်းလုံးငှားယာဉ်အဖြစ် ပြေးဆွဲခွင့်ပေးမှာ ဖြစ်ပါတယ်၊ ကျောင်းကားလုပ်ငန်း ရှင်တွေအနေနဲ့ ကျောင်းပိတ်ရာသီမှာ စင်းလုံးငှားပြေးဆွဲချင်တယ်ဆိုရင် လုပ်ငန်းလိုင်စင်ရုံးမှာ (ဂ)လိုင်စင်ပြောင်းပြီး ပြေးဆွဲနိုင်ပါတယ်၊ ဒါပေမဲ့ ကျောင်းဖွင့်ရာသီရောက်ရင်တော့ (ဃ)လိုင်စင် ပြန်လျှောက်ပြီး ကျောင်းကားအဖြစ် ပြန်လည်ပြေး ဆွဲရမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ် ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

 

ညာမောင်း ကားများနေရာ တွင် ပြည်ပမှ ဘယ်မောင်းကား သစ်များ တင်သွင်းပြီး ကျောင်း ကားပြေးဆွဲမည့် လုပ်ငန်းရှင်များ သည် ကျောင်းတာဝန်ရှိသူထံ သုံး လအတွင်း ဘယ်မောင်းကားသစ် ဖြင့် အစားထိုးပြေးဆွဲမည် ဖြစ် ကြောင်း ခံဝန်စာချုပ် ရေးထိုး၍ YRTA မှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံရမည် ဖြစ်သည်။ ထိုခွင့် ပြုချက်ဖြင့် တင်သွင်းသောကျောင်း ကားများကို ရန်ကုန်လိုင်စင် ခွင့်ပြုပေးမည် ဖြစ်သော်လည်း Wheel Tax တွင် ရာသက်ပန်ကျောင်းကား အဖြစ်သာ ပြေးဆွဲခွင့်ပေးမည်ဖြစ်ကြောင်း တံဆိပ်ရိုက်မည်ဖြစ်သည်။ ထိုကားများအနေဖြင့် ကျောင်းပိတ်ရာသီတွင်မူ စင်းလုံးငှားယာဉ်အဖြစ် ပြေးဆွဲခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)