Local Industry



တစ်ပတ်အတွင်းအရောင်းဆုံးကားဈေးနှုန်းများ

ယခုရက်ပိုင်းအတွင်း စလစ်ဈေး တဖြည်းဖြည်းမြင့်တက် လာခြင်းကြောင့် စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသားကားများသာ အရောင်းအဝယ်ဖြစ်နေပြီး ကျပ်သိန်းနှစ်ရာအောက် ၁၃၀၀ စီစီကားများ ဈေးအနည်းငယ် မြင့်တက်သွားခဲ့သည်။

 

နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများနှင့်အတူ ပြည်ပမှတင်သွင်းသော Brand New ကားအမျိုးအစားတချို့လည်း အရောင်းအဝယ်ပြန်ကောင်းလာသည်။ ပြည်ပမှတင်သွင်းလာသည့် Brand New ကားများမှာ ရန်ကုန်လိုင်စင်ရယူရန် စလစ်လိုအပ်ချက်ရှိနေပြီး အပ်ကား ရှားပါးလာခြင်းကြောင့် စလစ်လိုအပ်ချက်ရှိနေပြီး အပ်ကား ရှားပါးလာခြင်းကြောင့် စလစ်ဈေးများမြင့်တက်လျက်ရှိနေရာ စတိနံပါတ်ကားများမှာ အရောင်းအဝယ် သိသိသာသာ အေးနေသည်။ ဈေးကွက်အကြိုက် ဂျပန်ညာမောင်း ကားဟောင်းများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား Honda Fit ၊ Toyota Probox ၊ Toyota Succeed ၊ Toyota Vitz ၊ Toyota Belta ၊ Toyota Fielder ၊ Toyota Wish ၊ Toyota Kluger ၊ Toyota Crown နှင့် Toyota Mark II တို့မှာ အဝယ်လိုက်နေကြောင်း သိရသည်။ ကညနမှ နံပါတ်ထုတ်ပေးမူ စာရင်းများအရ 6Q/104 နှင့် HH/4017 သို့ ရောက်ရှိနေပြီဖြစ်သည်။

 

24.5.2019 မှ 30.5.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

Ss_2.PNG

 

sss.PNG

 

Source; Automobile Journal

 

Read times
Rate this item
(1 Vote)