Local Industry



Toyota မှ သီလ၀ါတွင် SKD စနစ်ဖြင့် Pick-up များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေ

Toyota မှ သီလ၀ါတွင် SKD စနစ်ဖြင့် Pick-up များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေ google

Toyota ကုမ္ပဏီမှ သီလ၀ါတွင် SKD စနစ်ဖြင့် Pick-up များ တပ်ဆင်ထုတ်လုပ်ရန် စီစဉ်နေ ကြောင်း သီလ၀ါအထူးစီးပွားရေး စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

 

Toyota မှ သီလ၀ါအထူး စီးပွားရေးစက်မှုဇုန် (Zone-B)တွင် စက်ရုံတည်ဆောက်ပြီး SKD စနစ် ဖြင့် Pick-up ကားများ ထုတ်လုပ် ရန် စီစဉ်နေသည်။ ဂျပန်သတင်း ဌာနများ၏ ဖော်ပြချက်အရ Toyota ကုမ္ပဏီသည် ယခုနှစ်အတွင်း လုပ်ငန်းများ စတင်နိုင်ရန် စီစဉ် နေပြီး တစ်နှစ်လျှင် လုပ်ငန်းသုံး ကုန်တင်ယာဉ်ငယ် Pick-up အစီး တစ်သောင်းခန့် အနည်းဆုံးထား၍ တပ်ဆင်ထုတ်လုပ်မည် ဖြစ်သည်။ မော်တော်ယာဉ် တပ်ဆင်ထုတ် လုပ်မည့် အစိတ်အပိုင်းများကို ဂျပန်နိုင်ငံမှ တိုက်ရိုက်တင်သွင်း မည်ဖြစ်ကာ ဂျပန်ယန်း ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရ သည်။

 

“Toyota ကုမ္ပဏီကနေ သီလ၀ါမှာ SKD စနစ်နဲ့ Pick-up တွေ ထုတ်လုပ်မယ်ဆိုပြီး ပြော ထားတာ ရှိပါတယ်၊ ရေရှည်လုပ် ကိုင်ပြီး လုပ်ငန်းတိုးချဲ့ရ လွယ်ကူ အောင် Zone-B မှာ မြေနေရာ ရွေးချယ်ထားပါတယ်၊ သတင်း ထွက်နေတဲ့အတိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကိုတော့ မသိပါဘူး၊ Toyota ကနေ ဂျပန်သတင်းဌာန တစ်ခုကို ဖြေကြားခဲ့တဲ့အတိုင်းပဲ သိရပါတယ်၊ ဒီမှာတော့ အနာဂတ် Plan နဲ့ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ ကို မပြောသေးပါဘူး”ဟု သီလ၀ါ အထူးစီးပွားရေးစက်မှုဇုန် စီမံခန့် ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

 

မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒတွင် တင်သွင်းမှုထက် ထုတ်လုပ်မှုကို ဦးစားပေးလာခြင်း ကြောင့် ပြည်တွင်း၌ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုဖြင့် ကားကုမ္ပဏီ ၁၀ ခုနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ရှစ်ခုအထိ ၀င်ရောက်ခဲ့သည်။ ထပ်မံ ၍ ယခုနှစ်အတွင်း Toyota ကားကုမ္ပဏီလည်း ၀င်ရောက်လာ မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ကား တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီ ၁၉ ခုအထိ ရှိလာမည်ဖြစ်သည်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)