Local Industry



မန္တလေးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ် ပညာပေးဆောင်ရွက်

(ZAWGYI + UNICODE) ျပည္ေထာင္စုလြတ္ေတာ္မွ ၂၀၂၀ ျပည့္ႏွစ္ ေမ ၂၆ ရက္ေန႔က အတည္ျပဳျပဌာန္းလိုက္သည့္ ယာဥ္အႏၲရာယ္

ကင္းရွင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမႈဥပေဒသစ္ကို အမ်ားျပည္သူႏွင့္ ယာဥ္အသုံးျပဳသူမ်ားသိရွိလိုက္နာေစရန္ ပညာေပးေဆာင္႐ြက္ျခင္းကို ဇြန္ ၁ ရက္ နံနက္ ၁၀ နာရီက မႏၲေလးၿမိဳ႕၊၇၈ လမ္းႏွင့္ ၃၈ လမ္းတြင္ အမွတ္ (၁၄) ယာဥ္ထိန္းရဲဒု တပ္ဖြဲ႕ခြဲ၊တပ္ဖြဲ႕စု(၉၀)မဟာေအာင္ေျမၿမိဳ႕နယ္မွ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
အဆိုပါဥပေဒသစ္တြင္ ျပစ္မႈျပစ္ဒဏ္အခ်ိဳ႕ႏွင့္ လိုအပ္ခ်က္ရွိသည္မ်ားကို လိုက္ေလ်ာညီေအာင္ ျပင္ဆင္ျဖည့္ ဆည္းထားျခင္းျဖစ္ၿပီး အေရးယူေဆာင္႐ြက္မႈမ်ားကို ဥပေဒသစ္ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္သည္ဟုဆိုသည္။
“အသစ္ျပဌာန္းတဲ့ဥပေဒကို အမ်ားျပည္သူသိရွိ လိုက္နာဖို႔ ဒီေန႔မွာ လက္ကမ္းစာေစာင္ေတြ နဲ႔ ဥပေဒျပဌာန္း ခ်က္ေတြ ျဖန႔္ေဝခဲ့တယ္။တပ္ဖြဲ႕စုအလိုက္ ၿမိဳ႕နယ္ေတြမွာ လုပ္သြားၾကမယ္။ဥပေဒသစ္မွာ ပါရွိတဲ့ ျပစ္မႈ ျပစ္ ဒဏ္ေတြ ဘယ္လိုရွိတယ္ဆိုတာ သိရွိလိုက္နာဖို႔ပါ။ၿမိဳ႕နယ္အလိုက္ တပ္ဖြဲ႕စုေတြက အသိေပးတာေတြ လုပ္သြားမွာပါ”ဟု အမွတ္ (၁၄)ယာဥ္ထိန္းရဲဒု တပ္ဖြဲ႕ခြဲ၊တပ္ဖြဲ႕စု(၉၀)မဟာေအာင္ေျမၿမိဳ႕နယ္မွ ဒုရဲမႉး ေသာင္းထိုက္ဦးကေျပာၾကားသည္။
ဥပေဒသစ္တြင္ အခန္းေပါင္း ၁၅ ခန္းပါဝင္ၿပီး ရဲအေရးပိုင္ေသာ ပုဒ္မ ၄ ခုပါဝင္၍ ျပစ္မႈျပစ္ဒဏ္မ်ားတြင္ အနိမ့္ဆုံး ဒဏ္ေငြက်ပ္သုံးေသာင္းမွ အျမင့္ဆုံးဒဏ္ေငြ ၁၅သိန္းထိ၎၊အနိမ့္ဆုံးေထာင္ဒဏ္ တစ္လမွအျမင့္ဆုံး ေထာင္ဒဏ္ ၃ ႏွစ္ထိျပဌာန္းထားေၾကာင္းသိရသည္။
မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ မႏၲေလးၿမိဳ႕လမ္းမႀကီးမ်ားႏွင့္ လမ္းဆုံမ်ားတြင္ CCTV မ်ားတပ္ဆင္ထားရာ မႈခင္းေဖၚထုတ္ရာတြင္ အေထာက္ အကူျပဳမွာျဖစ္သည့္အျပင္ ယာဥ္စည္းကမ္းလမ္း စည္းကမ္း လိုက္နာေရးအတြက္ Control Room မွ ေစာင့္ၾကည့္ မွတ္တမ္းတင္ထားႏိုင္မည္ျဖစ္ၿပီး ယာဥ္သက္တမ္းတိုးခ်ိန္၌ ကညန႐ုံးႏွင့္ ဆက္သြယ္ကာ အေရးယူမႈမ်ားေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္းသိရသည္။သန္းေဇာ္မင္း(ျပန္/ဆက္)

 
ပြည်ထောင်စုလွတ်တော်မှ ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်နေ့က အတည်ပြုပြဌာန်းလိုက်သည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေသစ်ကို အများပြည်သူနှင့် ယာဉ်အသုံးပြုသူများသိရှိလိုက်နာစေရန် ပညာပေးဆောင်ရွက်ခြင်းကို ဇွန် ၁ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့၊၇၈ လမ်းနှင့် ၃၈ လမ်းတွင် အမှတ် (၁၄) ယာဉ်ထိန်းရဲဒု တပ်ဖွဲ့ခွဲ၊တပ်ဖွဲ့စု(၉၀)မဟာအောင်မြေမြို့နယ်မှ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဥပဒေသစ်တွင် ပြစ်မှုပြစ်ဒဏ်အချို့နှင့် လိုအပ်ချက်ရှိသည်များကို လိုက်လျောညီအောင် ပြင်ဆင်ဖြည့် ဆည်းထားခြင်းဖြစ်ပြီး အရေးယူဆောင်ရွက်မှုများကို ဥပဒေသစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုသည်။
“အသစ်ပြဌာန်းတဲ့ဥပဒေကို အများပြည်သူသိရှိ လိုက်နာဖို့ ဒီနေ့မှာ လက်ကမ်းစာစောင်တွေ နဲ့ ဥပဒေပြဌာန်း ချက်တွေ ဖြန့်ဝေခဲ့တယ်။တပ်ဖွဲ့စုအလိုက် မြို့နယ်တွေမှာ လုပ်သွားကြမယ်။ဥပဒေသစ်မှာ ပါရှိတဲ့ ပြစ်မှု ပြစ် ဒဏ်တွေ ဘယ်လိုရှိတယ်ဆိုတာ သိရှိလိုက်နာဖို့ပါ။မြို့နယ်အလိုက် တပ်ဖွဲ့စုတွေက အသိပေးတာတွေ လုပ်သွားမှာပါ”ဟု အမှတ် (၁၄)ယာဉ်ထိန်းရဲဒု တပ်ဖွဲ့ခွဲ၊တပ်ဖွဲ့စု(၉၀)မဟာအောင်မြေမြို့နယ်မှ ဒုရဲမှူး သောင်းထိုက်ဦးကပြောကြားသည်။
ဥပဒေသစ်တွင် အခန်းပေါင်း ၁၅ ခန်းပါဝင်ပြီး ရဲအရေးပိုင်သော ပုဒ်မ ၄ ခုပါဝင်၍ ပြစ်မှုပြစ်ဒဏ်များတွင် အနိမ့်ဆုံး ဒဏ်ငွေကျပ်သုံးသောင်းမှ အမြင့်ဆုံးဒဏ်ငွေ ၁၅သိန်းထိ၎င်း၊အနိမ့်ဆုံးထောင်ဒဏ် တစ်လမှအမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိပြဌာန်းထားကြောင်းသိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မန္တလေးမြို့လမ်းမကြီးများနှင့် လမ်းဆုံများတွင် CCTV များတပ်ဆင်ထားရာ မှုခင်းဖေါ်ထုတ်ရာတွင် အထောက် အကူပြုမှာဖြစ်သည့်အပြင် ယာဉ်စည်းကမ်းလမ်း စည်းကမ်း လိုက်နာရေးအတွက် Control Room မှ စောင့်ကြည့် မှတ်တမ်းတင်ထားနိုင်မည်ဖြစ်ပြီး ယာဉ်သက်တမ်းတိုးချိန်၌ ကညနရုံးနှင့် ဆက်သွယ်ကာ အရေးယူမှုများဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။သန်းဇော်မင်း(ပြန်/ဆက်)
Read times
Rate this item
(0 votes)