Local Industry



Hino Myanmar မှ 500 Series FM2P ကားအမျိုးအစားကို အထူးဈေးနှုန်းဖြင့် ရောင်းချမည်

Hino Myanmar မှ 500 Series FM2P ကားအမျိုးအစားကို အထူးဈေးနှုန်းဖြင့် ရောင်းချမည် facebook

Hino Myanmar မှ 500 Series FM2P ကားအမျိုးအစားကို အထူး ဈေးနှုန်းဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ၂၀၁၄ ခု နှစ်မှစတင်ကာ Hino တရားဝင် ၀န်ဆောင်မှု ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးချိန်မှစ၍ Hino Myanmar အနေဖြင့် Hino လုပ်ငန်း သုံးယာဉ်များအား ၀န်ဆောင်မှုပေးခြင်း၊ Hino ကားများ တင်သွင်း ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကွက်ရှာဖွေခြင်း လုပ်ငန်းများ ကို လုပ်ကိုင်ခဲ့သည်။

 

Hino Myanmar ကနေ 500 Series FM2P ကို အထူး ဈေးနှုန်းအနေနဲ့ မူရင်းဈေးမှ အမေ ရိကန်ဒေါ်လာ လေးထောင်ကို Stock ကုန်တဲ့အထိ ဈေးလျှော့ ရောင်းချပေးမှာဖြစ်ပြီး ကီလိုမီတာ တစ်သိန်း Hino Service Package ကိုလည်း အခမဲ့ပေးအပ်မှာ ဖြစ်ပါတယ်၊ အင်ဂျင် Displacement ကတော့ 11,000CC ဖြစ်ပြီး မြင်းကောင်ရေ 340PS အထိ ထုတ်လုပ်ပေးနိုင်တဲ့အတွက် အမျိုး အစားတူကားတွေထဲမှာ အကောင်း ဆုံးစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထား တဲ့ ကားတစ်စီး ဖြစ်ပါတယ်ဟု Hino Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

500 Series FM2P Medium Truck မှာ P11C အင်ဂျင်ကို တပ်ဆင် အသုံးပြုထားပြီး အင်ဂျင် Displacement မှာ 11,000CC ဖြစ်ကာ မြင်းကောင်ရေ 340PS အထိ ထုတ်လုပ်ပေးနိုင်သည်။

 

Hino Myanmar မှ Hino လုပ်ငန်းသုံးကား ဖြစ်သည့် 500 Series FM2P Medium Duty Truck (6×4) ကို မူရင်းဈေး အမေ ရိကန်ဒေါ်လာ ၈၃,၉၀၀မှ ၇၉,၉၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(2 votes)