Local Industry



Mazda Myanmar မှ Mazda ကားအမျိုးအစားနှစ်မျိုးကို Road Show အစီအစဉ်ဖြင့် ပြသရောင်းချမည်

Mazda Myanmar မှ Mazda ကားအမျိုးအစားနှစ်မျိုးကို Road Show အစီအစဉ်ဖြင့် ပြသရောင်းချမည် facebook

Mazda Myanmar မှ Mazda ကားအမျိုးအစားနှစ်မျိုးကို Road Show အစီအစဉ်ဖြင့် ပြသရောင်း ချမည်ဖြစ်ကြောင်း သိရသည်။

 

Mazda Road Show ကို မေ ၂၃ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ Junction City တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး Mazda2 နှင့် Mazda CX5 တို့ကို ပြသ ရောင်းချမည် ဖြစ်သည်။

 

Mazda ကားများသည် အရည်အသွေးနှင့် စွမ်းဆောင်နိုင် စွမ်း၊ လုံခြုံစိတ်ချရမှု၊ တိုးတက်မြင့် မားသော မော်တော်ယာဉ်များ ထုတ် လုပ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှုနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ကို အဓိကဦးစား ပေးထုတ်လုပ်ထားခြင်းဖြစ်ပြီး Mazda CX5 သည်လည်း Compact SUV ဆုကို ရရှိထားသော ကား ဖြစ်သည်။

 

“Road Show အစီအစဉ်မှာ ၀ယ်ယူမယ့် Customer တွေအ တွက် လက်ငင်းစနစ်နဲ့ ၀ယ်ယူမယ် ဆိုရင် ကားတန်ဖိုးထဲမှ အမေရိကန် ဒေါ်လာ ငါးထောင် လျှော့ချပေးမှာ ဖြစ်ပါတယ်၊ နောက်ပြီး 10 Percent Down Payment ၊ $250 Monthly Installment နဲ့ 1 Year Free Insurance တို့ကို ရရှိမှာဖြစ် ပါတယ်”ဟု Mazda Myanmar မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

Mazda ကားများကို Promotion ကာလအတွင်း Test Drive အစီအစဉ်ဖြင့် စမ်းသပ်မောင်းနှင် နိုင်မည်ဖြစ်ပြီး ထိုကားများအတွက် အာမခံအနေဖြင့် ငါးနှစ်၊ သို့မ ဟုတ် ကီလိုတစ်သိန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)