Local Industry



School Bus များအား ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပေးမည်ဖြစ်ရာ ကားမှာယူတင်သွင်းချိန် သုံးလအတွင်း လက်ရှိကားများကို ဆက်လက်ပြေးဆွဲခွင့်ပြုမည်

School Bus များအား ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပေးမည်ဖြစ်ရာ ကားမှာယူတင်သွင်းချိန် သုံးလအတွင်း လက်ရှိကားများကို ဆက်လက်ပြေးဆွဲခွင့်ပြုမည် google

chool Bus များကို ရန်ကုန်လိုင် စင်ဖြင့် တင်သွင်းခွင့်ပေးမည်ဖြစ်ရာ ကား မှာယူတင်သွင်းချိန် သုံးလအတွင်း လက်ရှိကားများဖြင့် ဆက်လက် ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ကညနခွန် ကင်းလွတ်ခွင့်ဖြင့် ရန်ကုန်လိုင်စင် ကျောင်းကားများ တင်သွင်းခွင့်ပေးရာတွင် ကျောင်း ကားလုပ်ငန်း အမှန်တကယ်လုပ် ကိုင်နေသူများကိုသာ ခွင့်ပြုပေး မည်ဖြစ်ပြီး ယခုနှစ်၏ ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်အရ ၂၀၁၅ မိုဒယ်မှ ၂၀၁၉ မိုဒယ်အတွင်း ဘယ်မောင်းကားများကိုသာ တင်သွင်းရမည် ဖြစ်သည်။ ပြည် ပမှ ကားမှာယူတင်သွင်းသည့်ကြာချိန် သုံးလအတွင်း လက်ရှိပြေးဆွဲ နေသော ကားများဖြင့် ဆက်လက် ပြေးဆွဲခွင့်ပြုမည် ဖြစ်သည်။

 

ကျောင်းကားပြေးဆွဲဖို့ အတွက် တင်သွင်းလာမယ့်ကားတွေ ကို ရန်ကုန်လိုင်စင် ခွင့်ပြုပေးမှာ ဖြစ်သလို ကညနအခွန်လည်း ကင်းလွတ်ပေးမယ်ဆိုတာကို မေ ၂၁ ရက်က ကျောင်းကားပြေးဆွဲသူ တွေကို အသိပေးပြီး ဖြစ်ပါတယ်၊ သတ်မှတ်ချက်နဲ့ မညီတဲ့ကားတွေ ကို ကားသစ် တင်သွင်းတဲ့အတွက် ကြာချိန် သုံးလအတွင်းပဲ ပြေးဆွဲ ခွင့်ပေးမှာ ဖြစ်ပါတယ်၊ ကျောင်း ကားစံနှုန်း ၁၂ ချက်ကို လာမယ့် ပညာသင်နှစ်မှာ အစိုးရကျောင်း တွေကနေ စတင်ကျင့်သုံးမှာ ဖြစ် ပါတယ်ဟု YRTA မှ အတွင်းရေး မှူး ဒေါက်တာမောင်အောင်က ဆိုသည်။

 

ကျောင်းကားများအတွက် ရန်ကုန် လိုင်စင် ထုတ်ပေးရာတွင် သီးသန့် နံပါတ်ပြား ထုတ်ပေးမည် မဟုတ် သဖြင့် ကနဦးမှတ်ပုံတင်ပြုလုပ်ရာ ၌ ရောက်ရှိနံပါတ် အတိုင်းသာ မှတ်ပုံတင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)