Local Industry



MMSO မှ ကြီးမှူးပြီး Moonson Meet Up မိုးရာသီအကြို အပျော်တမ်းလမ်းကြမ်းကားမောင်းပြိုင်ပွဲကျင်းပ

MMSO မှ ကြီးမှူးပြီး Moonson Meet Up မိုးရာသီအကြို အပျော်တမ်းလမ်းကြမ်းကားမောင်းပြိုင်ပွဲကျင်းပ facebook

MMSO မှ ကြီးမှူးပြီး Moonson Meet Up မိုးရာသီအကြို အပျော်တမ်း လမ်းကြမ်းကားမောင်းပြိုင်ပွဲ ကို မေ ၁၉ ရက်က မင်္ဂလာဒုံဂေါက် ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

Moonson Meet Up မိုးရာ သီအကြို အပျော်တမ်းလမ်းကြမ်း ကားမောင်းပြိုင်ပွဲတွင် ၀င်ကြေးအဖြစ် Dual Truck ကားများအတွက် ကျပ် နှစ်သောင်း၊ ဘုရားဖူးကား များအတွက် ကျပ် တစ်သောင်း သတ်မှတ်ခဲ့သည်။

 

Off-Road အဖွဲ့က ညီ အစ်ကိုတွေ စည်းလုံးညီညွတ်စေဖို့ နဲ့ တွေ့ဆုံပွဲလေးလည်း လုပ်ချင်တဲ့ အတွက် Moonson Meet Up မိုးရာသီအကြို အပျော်တမ်းလမ်းကြမ်းကားမောင်းပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်၊ Fun Drive ကလွဲပြီး ယှဉ်ပြိုင်မှု အစီအစဉ် တစ်ခုချင်းစီမှာ ဆုတံဆိပ် သုံးခုစီ ချီးမြှင့်ခဲ့ပါတယ်ဟု MMSO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Moonson Meet Up မိုးရာ သီအကြို အပျော်တမ်းလမ်းကြမ်း ကားမောင်းပြိုင်ပွဲတွင် Dual Truck Race ၁၄ စီး၊ ဘုရားဖူး ကိုးစီး၊ ဆိုင်ကယ် ၂၁ စီးနှင့် Fun Drive အစီး သုံးဆယ် ပါဝင်မောင်းနှင်ခဲ့ကြောင်း သိရသည်။ 

 

MMSO သည် မြန်မာနိုင်ငံ တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၇ ရက်၌ ၀ါသနာတူ ကိုးဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး Motor Sport တိုး တက်စေရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)