Local Industry



တစ်ပတ်အတွင်းအရောင်းဆုံးကားဈေးနှုန်းများ

ယခုလအတွင်း ၁၃၀၀ စီစီကားများနှင့် လုပ်ငန်းသုံးထရပ်များ အရောင်းအဝယ်ဖြစ်နေသည်။ တင်သွင်းမှုထက် ထုတ်လုပ်မှုကို သီးစားပေးထားခြင်းကြောင့် ကားတင်သွင်းမှုများ လျော့နည်းသွားပြီး CBU ဖြင့် တင်သွင်းထားသော Brand New ကားများမှာ ရန်ကုန်လိုင်စင်မရှိသဖြင့် အရောင်းအဝယ်ပြုရန် ခက်ခဲနေသည်။

 

ကားတင်သွင်းရန် မလွယ်ကူတော့သဖြင့် ကားအရောင်းစင်တာများက ညာမောင်းလက်ကျန်ကားများကို ထိန်းရောင်းနေကြသလို နံပါတ်ထွက်ပြီးသား ဂျပန်ညာမောင်းကားများကို ပြန်လည်ဝယ်ယူပြီး အရောင်းအဝယ် ပြုလုပ်နေကြသည်။ နယ်အဝယ်နှင့် ရန်ကုန်အဝယ်မျှသော်လည်း အရောင်းအဝယ် ပြုလုပ်ရလွယ်ကူသော ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသား ကားများကိုသာ ဝယ်ယူမှုများသည်။ ကျပ်သိန်းနှစ်ရာ ဝန်းကျင် ၁၃၀၀ စီစီ ကားများဖြစ်သည့် Toyota Probox ၊ Toyota Vitz(ပုံပြောင်း) ၊ Toyota Belta ၊ Honda Fit တို့သာ အရောင်းအဝယ်အဖြစ်များပြီး အမြင့်ကားများ၏ ဈေးကွက်မှာ အေးနေသည်။ လုပ်ငန်းလိုအပ်ချက်များသော လုပ်ငန်းသုံးကားများမှာလည်း အဝယ်လိုက်နေပြီး စတိနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသား ကားများမှာ ပိုမိုအရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ကညနမှ နံပါတ်ထုတ်ပေးမှု စာရင်းများအရ 5Q/9266 နှင့် HH/4016 သို့ရောက်ရှိနေပြီဖြစ်သည်။

 

17.5.2019 မှ 23.5.2019 အတွင်း ယာဉ်ရောင်းဝယ်ရေး စခန်းများမှ အရောင်းရဆုံးကားများကို ဖော်ပြပေးလိုက်ပါတယ်။

 

Capture1.PNG

 

Capture2.PNG

 

 Source; Automobile Journal

Read times
Rate this item
(1 Vote)