ကျောင်းကားတွေကို ရန်ကုန်လိုင်စင်ပေးမယ်ဆိုပြီး သတင်းတွေထွက်နေတာနဲ့ပက်သတ်ပြီး …..
ဒါကလည်း မဖြစ်သေးပါဘူး။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ ဒီလိုမျိုးဆန္ဒရှိတာကိုတွေ့ရပါတယ်။ ဖြစ်ဖို့လည်းများပါတယ်။ ဒီလိုမျိုးပေးခဲ့မယ်ဆိုရင်လည်း ကားဈေးကွက်ကိုထိခိုက်မှုမရှိနိုင်ပါဘူး။ ဒါက အရင်တုန်းက ကျောင်းကားဆွဲထားတယ်၊ လုပ်ငန်းလိုင်စင်နဲ့ပေါ့။ Light truck ကားတွေမတိုင်ခင်ကတည်းက BM တွေနဲ့လည်း ကျောင်းကားဆွဲထားတဲ့သူတွေပါ,ပါတယ်။ သူတို့ကလည်း ကျောင်းကားပဲဆွဲချင်တော့ နိုင်တဲ့ငွေပမာဏနဲ့ပဲ ဆက် လုပ်နေကြတာရှိပါတယ်။ ဒါပေမယ့် ကျောင်းရဲ့ထောက်ခံချက်လိုအပ်ပါတယ်။ ဒီကျောင်းအတွက် ဘယ်နှစ်စီးလိုအပ် တယ်ပေါ့။ ဒီအချိန်မှာ ရှေးယခင်ကတည်းလုပ်လာတဲ့သူတွေက ထောက်ခံချက်တွေနဲ့ရမယ်ပေါ့။ စီးပွားရေးသမားတွေ လိုသလောက်ကို ချပေးမယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။
လက်ရှိညာမောင်းနဲ့ ဘယ်မောင်းတို့ရဲ့ဈေးကွက်ခွဲဝေမှု………
ညာမောင်းကတော့ အသစ်မရှိတော့ဘူးဆိုပေမယ့် နည်းနည်းပါးပါးတော့ရှိနိုင်ပါတယ်။ အဟောင်းကတော့ များပါတယ်။ ဘယ်မောင်းကတော့ ၂၀၁၇ ဆိုရင်သွင်းလို့ရပါတယ်။ ဒါပေမယ့် သိန်း ၅၀၀လောက်ကစပြီး တန်ကြေးစပါမယ်။ ဈေးကြီးတော့ သင့်ရာ၊သင့်ရာလေးတွေပဲရောင်းနေရပါတယ်။ Suzuki နဲ့ Southeast လေးတွေလည်းရောင်းရပါတယ်။ ဒီမှာတပ်ဆင်ထုတ်လုပ်တဲ့ SKD ကိုပဲသက်ဆိုင်ရာက ဦးစားပေးမယ့်ပုံရှိပါတယ်။
SKD ကနေဘယ်ကိုသွားမှာလဲ………
SKD လုပ်တဲ့သက်တမ်းနည်းနည်းကြာလာရင်တော့ CKD ကိုသွားရမှာပါ။ SKD နဲ့အစပိုင်းမှာရပ်တည်ခွင့်ရှိပေမယ့် နောက်ပိုင်းမှာတာ့ CKD ကိုသွားရမယ်လို့ မော်တော်ယာဉ်မူဝါဒမှာပါပြီးသားပါ။ အစိတ်အပိုင်းကနေ အပြည့်အစုံကိုပေါ့။ လက်ရှိမှာတော့ CKD ပြောင်းတာနည်းနေပါသေးတယ်။
Invoice နဲ့ကားသွင်းရတဲ့အခြေအနေ……..
Invoice မတိုင်ခင်ကတော့ ကိုယ့်အရင်းနဲ့ကုန်ကျမှုကို အတိအကျတွက်ပြီး ဒီမှာဘယ်ဈေးပေါက်နေလဲ ကိုယ်ဘယ်လောက် နဲ့ပြန်ရောင်းရင်ကိုက်မလဲဆိုတာ တွက်လို့၊ခန့်မှန်းလို့ရပါတယ်။ CIF အတိအကျသိလို့လည်း ပါဝင်မှာဖြစ်ပါတယ်။ Invoice ကတော့ ၀ယ်တဲ့နေရာနဲ့ဈေးနှုန်းပေါ်မူတည်ပြီးကွဲသွားနိုင်ပါတယ်။ ရောင်းတဲ့သူရဲ့စိတ်ဆန္ဒပေါ်လည်း မူတည်ပါတယ်။ အတိအကျတွက်လို့မရပါဘူး။ Invoice ဘောက်ချာတွေကရော အတိအကျ၊ အမှန်အကန်ဖြစ်ပါ့မလား။ စဉ်းစားဆုံးဖြတ်ရတာများသလို ရင်းနှီးရတာလည်းများတော့ အများသူငါလိုက်လုပ်ဖို့မတတ်နိုင်ပဲ ကုမ္ပဏီကြီးတွေလောက်ပဲ လုပ်ကိုင်လာကြပါတယ်။