Local Industry



အခွန်တွေကကားလောကအတွက် အမှန်တကယ်အကျိုးရှိသလား၊ အများလက်ခံနိုင်မှာလား

အခွန်တွေကကားလောကအတွက် အမှန်တကယ်အကျိုးရှိသလား၊ အများလက်ခံနိုင်မှာလား google

ကညန မှတ်ပုံတင်ပြုလုပ်တာနဲ့တစ်ပြိုင်နက်တည်း အမည်ပြောင်းခွန်ပေးဆောင်ရမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ အတိအကျတော့မဟုတ်ပေမယ့် တင်ပြထားတဲ့အဆင့်ကိုရောက်နေပြီဖြစ်လို့ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားကိုကိုယ့် အမည်နဲ့သာ စီးနင်းလို့ရတော့မယ့်အနေအထားဖြစ်ပါတယ်။

 

ဒါ့အပြင့် ယာဉ်ပိုင်လက်ဝယ်ရှိသူအနေနဲ့ နေရပ်လိပ်စာပြောင်း လဲမယ်ဆိုရင်လည်း သက်ဆိုင်ရာကညနသို့သွားရောက်အကြောင်းကြားပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒါနဲ့ပက်သတ်ပြီး ဘာတွေဖြစ်လာမလဲ၊ ဘာတွေလိုအပ်မလဲဆိုတာ ကားလောကကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်ကို လေ့လာကြည့်ရအောင် …….

 

ကိုယ့်ကားကိုယ့်နာမည်ဖြစ်သွားရင် ဘာတွေဖြစ်လာမလဲ အရင်ကြည့်ရအောင် 

 

အရင်ဆုံးပြေးမြင်မိမှာကတော့ မတော်တဆမှုတစ်ခုခုဖြစ်လာမယ့် ဖြစ်လာရင်ဒီကားကဘယ်သူ့ကား ဘယ်မှာရှိတယ်ဆို တာချက်ခြင်းသိနိုင်တယ်။ ဒီတော့ လိုက်ရတယ်လွယ်တယ်ပေါ့။ နောက်တစ်ခုက အုံနာဘုတ်ပေါင်မယ်၊ အုံနာဘုတ်ပျောက် ထုတ်ပြီး ထပ်ရောင်းမယ်ဆိုတဲ့ ပြဿနာတွေလည်းရှင်းသွားနိုင်တယ်ပေါ့။ လူတိုင်းလိုချင်တာကလည်း ကိုယ့်ကားကိုယ့် အမည်ပေါက်ဆိုတော့ တော်တော်လေးအဆင်ပြေသွားမှာပါ။

 

ဘာတွေလိုအပ်မလဲ ဘယ်လိုတွေကုန်ကျမလဲ

 

ကားတစ်စီးအ၀ယ်စာချုပ်,ချုပ်ပြီးတာနဲ့ ကိုယ့်အမည်ပြောင်းရမယ်ဆိုတဲ့ သတ်မှတ်မှုသာဖြစ်လာရင်တော့ အမည်ပြောင်းခွန် ဆိုတာကို ပြေးမြင်ကြမှာပါ။ ကျပ်သိန်း ၃၀၀ နှင့်အောက်ကို ၁၅ ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။ ဒီလိုပဲ ကျပ်သိန်း ၃၀၀ ကနေ ကျပ်သိန်း ၁၀၀၀ အထိဆိုရင် ၂၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁၀၀၀ နဲ့အထက်ကို ၃၀ ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။ ဒါကြောင့် လူသုံးများတဲ့ သိန်း ၃၀၀နှင့်အောက်ကဏ္ဍကိုစဉ်းစားမယ်ဆိုရင် ၄၅ သိန်းပေါ့။ ဒီပမာဏက တော်တော်လေးများ တယ်ဆိုတာအားလုံးသိကြမှာပါ။ လိပ်စာပြောင်းလို့ လိပ်စာပြောင်းအတွက်ထပ်ပေးဆောင်ရမှာကိုထားဦး ပဲခူးကနေ ရန်ကုန်လိပ်စာပြောင်းလို့ ရန်ကုန်လိုင်စင်ရမှာလားဆိုတော့လည်း မသေချာ။ ကျွန်တော့်တို့ရဲ့အကျင့်အရ ကားတစ်စီးကို ၂ နှစ်၊ ၃ နှစ်လောက်စီးမယ် ပြန်ရောင်းပြီးနောက်တစ်စီးဝယ်မယ်ဆိုရင်လည်း နောက်ထပ်အမည်ပြောင်းအတွက် ထပ်ပေးရမယ်ဆိုတော့ တော်တော်လေးအဆင်မပြေလှပါဘူး။ အစိုးရရဲ့သဘောထားကိုကြည့်ရတာ ကားကို သတ်သတ်မှတ်မှတ်စီးစေချင်တဲ့ပုံပါပဲ။ နောက်ပြီးဝယ်တဲ့သူတွေအနေနဲ့ မှတ်ပုံတင်တို့၊ သန်းခေါင်စာရင်းတို့ဆိုတာကလည်း ပြန်လိုလာမှာပါ။ ဒါကြောင့် ကားဝယ်မယ်ဆိုရင်မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းက လည်းမဖြစ်မနေလုပ်ဖို့လိုလာပါပြီ။ ကားတောင်ဝယ်နိုင်မှာတော့ ဒါတွေကပမွှားဆိုပေမယ့် ခွင်တွေ၊ အဟတွေမဖြစ်ဖို့ တော့လိုပါတယ်။ လူတိုင်းကကိုယ့်နာမည်နဲ့ဖြစ်ချင်တယ်ဆိုပေမယ့် ပေးရတဲ့တန်ဖိုးကသက်သာရင်တော့ အားလုံးကလုပ် ချင်ကြမှာပါ။ လူတန်းစားတစ်ရပ်ပဲတတ်နိုင်တဲ့ ပမာဏမဟုတ်ရင်တော့ အကုန်လုံးလိုက်ကြပြီး သက်ဆိုင်ရာရဲ့ စေတနာက အလုပ်ကောင်းကောင်းဖြစ်မယ်ထင်ပါတယ်။

 

Myanmar Automobile Directory

Read times
Rate this item
(1 Vote)