Local Industry



City Taxi ပြုလုပ်ရန် ကျန်ရှိသော အငှားယာဉ်များကို ဒဏ်ကြေးတစ်ခုဖြင့် မှတ်ပုံတင်ခွင့်ပေးရန် အစိုးရအဖွဲ့ထံ တင်ပြထား

City Taxi ပြုလုပ်ရန် ကျန်ရှိသော အငှားယာဉ်များကို ဒဏ်ကြေးတစ်ခုဖြင့် မှတ်ပုံတင်ခွင့်ပေးရန် အစိုးရအဖွဲ့ထံ တင်ပြထား google

City Taxi ပြုလုပ်ရန် ကျန်ရှိသော အငှားယာဉ်များကို ဒဏ်ကြေးတစ် ခုဖြင့် မှတ်ပုံတင်ခွင့်ပေးရန်အတွက် အများပြည်သူ သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အ တွင်း ပြေးဆွဲနေသည့် အငှားယာဉ် များကို ယခုနှစ် ဇန်န၀ါရီလ နောက်ဆုံးထားပြီး City Taxi မှတ်ပုံတင် ပြုလုပ်ရန် သတ်မှတ်ခဲ့သည်။ ထို့နောက် သတ်မှတ်ချိန်အမီ မှတ်ပုံ မတင်နိုင်သည့်ကားများ ရှိနေသ ဖြင့် ဧပြီလအထိ ဆောင်ရွက်ပေးခဲ့ သည်။ ထိုသို့ အချိန်ကာလတိုးပြီး ခွင့်ပြုပေးခဲ့သော်လည်း City Taxi မှတ်ပုံတင် လာရောက်ဆောင်ရွက် ခြင်းမရှိသည့် အငှားယာဉ်မှာ အစီး ငါးထောင်ကျော် ကျန်ရှိနေသေးသည်။

 

“City Taxi မှတ်ပုံတင် ဆောင် ရွက်ဖို့ ကျန်ရှိနေတဲ့ ကားတွေကို ဒဏ်ကြေးကောက်ခံပြီး မှတ်ပုံတင် ခွင့်ပေးဖို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဆီ တင်ပြထားပါတယ်၊ ဒီလို တင်ပြတယ်ဆိုတာက သတ်မှတ် ကာလကို အကြိမ်ကြိမ်ဖြေလျှော့ခဲ့ ပေမဲ့ မှတ်ပုံတင်ဖို့ ပျက်ကွက်တဲ့ ကားတွေကို City Taxi ပြုလုပ်စေလိုတဲ့အတွက် ဖြစ်ပါတယ်၊ City Taxi ပြုလုပ်ဖို့ ကျန်နေတဲ့ကားတွေ ကို အရေးယူမှုတွေ ပြုလုပ်လို့ရပေမဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို စောင့်ကြည့် နေသလို နယ်ထွက်လိပ်စာပြောင်း ကားတွေရဲ့ စာရင်းကိုလည်း စိစစ်နေတဲ့အတွက် အရေးယူမှု မပြုလုပ်သေးတာ ဖြစ်ပါတယ်”ဟု “ရန် ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့”မှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

 

ရန်ကုန်လိုင်စင်ဖြင့် ပြေးဆွဲနေသည့် အငှားယာဉ်များထဲတွင် သတ်မှတ်ကာလအတွင်း City Taxi ပြုလုပ်ထားသည်မှာ ၆၆,၅၅၅ စီးရှိပြီး အစီး ငါးထောင်ကျော် မှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)