Local Industry



Jaguar Myanmar မှ ကားအမျိုးအစား ခြောက်မျိုးကို Pre-Monsoon Promotion အစီအစဉ်ဖြင့် ရောင်းချ

Jaguar Myanmar မှ ကားအမျိုးအစား ခြောက်မျိုးကို Pre-Monsoon Promotion အစီအစဉ်ဖြင့် ရောင်းချ google

Jaguar Myanmar မှ Jaguar ၊ Land Rover ကားအမျိုးအစား ခြောက်မျိုးကို Pre-Monsoon Promotion အစီအစဉ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။

 

Pre-Monsoon Promotion ကို မေ ၁၅ ရက်မှ ဇွန် ၁၅ ရက် အထိ သတ်မှတ်ထားပြီး All New Discover 2018 ၊ Range Rover Sport 2017 နှင့် Jaguar ကား အမျိုးအစားများဖြစ်သည့် Jaguar XE ၊ Jaguar XF ၊ Jaguar F- Pace ၊ Jaguar XJ တို့ကို အထူး ဈေးနှုန်းများဖြင့် ရောင်းချပေးမည် ဖြစ်သည်။

 

မိုးရာသီအကြို ပရိုမိုးရှင်းအနေနဲ့ Jaguar ၊ Land Rover Myanmar ကနေ Pre-Monsoon Promotion အစီအစဉ်နဲ့ ၂၀၁၇ ၊ ၂၀၁၈ မိုဒယ် ကားသစ် တွေကို ကျပ်သိန်း ၊တစ်ရာကနေ သုံးရာအထိ ဈေးလျှော့ပေးသွားမှာ ဖြစ်သလို ရန်ကုန်လိုင်စင်ကိုလည်း တစ်ပါတည်း ထည့်သွင်း ရောင်းချ ပေးမှာ ဖြစ်ပါတယ်၊ အရေအတွက် ကန့်သတ်ထားလို့ ပထမဆုံး စရန်ငွေ ပေးအပ်တဲ့ Customer တွေကိုသာ ဦးစားပေး ရောင်းချပေးမှာ ဖြစ်ပါ တယ်ဟု Jaguar ၊ Land Rover Myanmar မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

 

Pre-Monsoon Promotion အစီအစဉ်ဖြင့် Jaguar ၊ Land Rover ကားများကို ၀ယ်ယူမည် ဆိုပါက All New Discover 2018 ကို အမေရိကန်ဒေါ်လာ ၁၉၈,၀၀၀၊ Range Rover Sport 2017 ကို အမေရိကန်ဒေါ်လာ ၂၆၀,၀၀၀ တို့ ဖြင့် ရောင်းချမည် ဖြစ်သည်။ ထို့ပြင် Jaguar ကားအမျိုးအစားများ ဖြစ် သည့် Jaguar XE ကို အမေရိကန်ဒေါ်လာ ၉၈,၀၀၀ ၊ Jaguar F- Pace ကို အမေရိကန် ဒေါ်လာ ၁၂၅,၀၀၀၊ Jaguar XF ကို အမေရိကန်ဒေါ်လာ ၂၇၉,၅၀၀ ၊ Jaguar XJ ကို အမေရိကန် ဒေါ် လာ ၂၉၉,၉၀၀ တို့ဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး အာမခံအဖြစ် မူလ 3 Year Factory Warranty အပြင် 5 Years Free Services ကို လည်း ထပ်မံ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)